October 20, 2024

၃.၅.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဖလန်ပင်အုပ်စု၊ ရွာသစ်ကျေးရွာရှိ ရာအိမ်မှူးတစ်ဦးကို နေအိမ်၌ သတ်ဖြတ်လိုက်ကြောင်း အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မေလ ၂ ရက်နေ့လည် ၁ နာရီ ၁၀ မိနစ်တွင် ရာအိမ်မှူး” ဦးမြင့်အောင်”၏ ရွာသစ်ကျေးရွာ နေအိမ်သို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ ရောက်ရှိလာပြီး ထိုရာအိမ်မှူးကို သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

အုတ်ဖိုအဖွဲ့မှ ဦးမြင့်အောင်ကို ဒလန်ဟုတ်သတ်မှတ်ထားပြီး သတ်ဖြတ်လို​က်ခြင်းဖြစ်ပြီး ရုပ်သံတွင်လည်း “ဘယ်သူ ဒလန်လုပ်ရဲလဲ” ဟုဆိုကာ ဆဲဆိုကြိမ်းမောင်းနေသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *