October 20, 2024

၃. ၅. ၂၀၂၄
Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း၊ မိုင်တိုင်အမှတ် (၄၁)နဲ့ (၄၂)ကြားမှာ Express ယာဥ်တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မေလ ၃ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

တိမ်းမှောက်တဲ့ကားက စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်ဖြစ်ပြီး နန်းထိုက်တော်ဝင်ယာဥ်လိုင်းကလို့ သိရှိရကာ မေလ ၃ ရက်နေ့ နံနက် ၆ နာရီခွဲလောက်က မိုးရွာနေချိန် စလစ်ဖြစ်ကာ အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ကို တိုက်မိ တိမ်းမှောက်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။

တိမ်းမှောက်မှုဖြစ်ပွား​တဲ့ သတင်းရရှိတာကြောင့် စလင်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ အဆိုပါဖြစ်စဉ်ကြောင့် ပေါင်ကျိုးဒဏ်ရာရသူ ၁ ဦး၊ ခါးကျိုးဒဏ်ရာရ ၁ ဦးနဲ့ ပွန်းပဲ့ဒဏ်ရာ ရရှိသူ ၁ ဦး စုစုပေါင်း ဒဏ်ရာရရှိသူ ၃ ဦးကို စလင်းမြို့ကြက်ခြေနီအသင်းယာဉ်နဲ့ စလင်းပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *