October 21, 2024

ပုံစာ။ ဘုရားရင်ပြင်ပေါ် မြန်မာဘီယာသောက်နေသည် KNDF တပ်ဖွဲ့ဝင်များ၏ ပုံရိပ်။

၃. ၅.၂၀၂၄
Written by Nay Moe

လွိုင်ကော်ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ KNDF တပ်ဖွဲ့ဝင်တချို့ဟာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဘုရားရင်ပြင်ပေါ် မြန်မာဘီယာသောက်ပြီး မွေးနေ့ပွဲပြုလုပ်နေတဲ့ ပုံရိပ်ထွက်ပေါ်လာပါတယ်။

ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ Phoe Pin အမည်နဲ့ Facebook သုံးစွဲသူဟာ ဘုရားရင်ပြင်ပေါ် မြန်မာဘီယာသောက်ပြီး မနေ့က ကျရောက်တဲ့သူ့မွေးနေ့အဖြစ် လူမှု​ကွန်ရက်ပေါ် ပုံတင်ခဲ့ပြီး အဲဒီပုံမှာလည်း မွေးနေ့ဆုတောင်းအဖြစ် “Happy Day To me prr ဒီနေ့ရက်ထိ အသက်ရှင်ခွင့်လေးပေးခဲ့သော ဘုရားသခင်ကို ပထမအဖြင့် အထူးပင်ကျေးဇူးတင်ပါ၏ နှောင်လည်း ဘုရားသခင်ရဲ့ အရိပ်တော်မှာ ကျနော်ကို အမြဲခေါ်ဆောင်သွားမူပါ ကျနော်ရဲ့ မွေးနေ့မှာ မိသားစုတွေ မစုံလင်ပေမယ့် တောထဲက ရဲဘော်တွေနဲ့ ပျော်ရွင်မှုတွေ ကျနော်ရရှိပါ၏ ဒီနေ့မှစ ခွင့်လွတ်တတ်စိတ်ရယ် နားလည်မှုစိတ်ရယ် ကျနော်ပိုပို ရချင်လိုပါ၏ ချစ်ခြင်းမေတ်တာလည်း ပိုတည်မြဲပါစေလို့ တပြည့်တော်ဆုတောင်းပါသည် အာမင်(သတ်ပုံ – မူရင်း)” လို့ ရေးသားဖော်ပြခဲ့တာပါ။

မေလ ၁ ရက်နေ့ကလည်း TNLA သိမ်းထားတဲ့ တပ်စခန်းတစ်ခုအတွင်း မွေးနေ့ပွဲပါတီတစ်ခုမှာ TNLA တပ်ဖွဲ့ဝင်တွေက မြန်မာဘီယာဝယ်သောက်ပြီး Facebook ပေါ်တင်ခဲ့တာကြောင့် မေလ ၂ ရက်နေ့မှာ စုံခုံစစ်ပြီး မြန်မာဘီယာ ဝယ်ယူသောက်သုံးနေသူတွေကို ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁)လ နဲ့ လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တဲ့ ပြစ်ဒဏ်ချခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။

ပုံစာ။ ဘုရားရင်ပြင်ပေါ် မြန်မာဘီယာသောက်နေသည် KNDF တပ်ဖွဲ့ဝင်များ၏ ပုံရိပ်။

Leave a Reply

Your email address will not be published. Required fields are marked *