October 31, 2024

၁၆.၁၂. ၂၀၂၂
Translated by Htwe Ko Tun

ယူကရိန်းနိုင်ငံသို့ ပက်ထရီယော့ဒုံးကျည်များ အမေရိကန်အစိုးရကပေးပို့မည်ဆိုသောသတင်းများအပေါ် သတင်းစာရှင်းပွဲတစ်ခုပြုလုပ်ခဲ့ရာ၌ အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးတာဝန်ခံ ကာရိန်း ဂျင်း ပိုင်ရီးက အမေရိကန်ပြည်ထောင်စုအနေဖြင့် ရုရှားနိုင်ငံနှင့် စစ်မက်ဖြစ်ပွားရန် အကြောင်းတစ်စုံတစ်ရာမရှိပါကြောင်း၊ သို့သော် ယူကရိန်းသို့ လုံခြုံရေးဆိုင်ရာအထောက်အပံ့အနေနှင့် မဟာမိတ်များနှင့်အတူ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အနေနှင့် ပက်ထရီယော့ဒုံးကျည်များ ယူကရိန်းသို့ ပေးပို့ခြင်းကြောင့် ဖြစ်လာမည့်အကျိုးဆက်များအတွက် တာဝန်ရှိလိမ့်မည်ဟု ရုရှားအစိုးရ၏ သတိပေးချက်ကို ၎င်းက အမှန်တကယ်ရန်ပြုလိုသည့်လုပ်ရပ်များမှာ ရုရှားဘက်ကသာပြုလုပ်နေခြင်းဖြစ်သည်ဟု တုံပြန်ပြောကြားခဲ့သည်။ မစ္စက် ကာရိန်းက အမေရိကန်အနေဖြင့် ရုရှားနှင့်စစ်မက်ဖြစ်ပွားလိုခြင်းမရှိဘဲ ယူကရိန်းသို့ လုံခြုံရေးဆိုင်ရာ အထောက်အပံ့များ ပေးပို့ခြင်းသာဖြစ်သည်ကို သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားသမ္မတပူတင်ထံ အတိအကျပြောကြားခဲ့ကြောင်းလည်း ပြောကြားသွားခဲ့သည်။

၎င်းကအမေရိကန်အနေဖြင့် မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ယူကရိန်းအား ထောက်ပံ့မှုဆက်လက်ပြုလုပ်သွားမည်ဟုလည်းပြောခဲ့သေးသည်။

အမေရိကန်သမ္မတအနေနှင့် ပက်ထရီယော့ဒုံးကျည်များ ယူကရိန်းသိုပေးပို့ရန် စဉ်းစားနေခြင်း ရှိမရှိ မေးမြန်းရာတွင် မစ္စက်ကာရိန်းက လုံခြုံရေးဆိုင်ရာ အထောက်အပံ့ဆောင်ရွက်မှုတစ်စုံတစ်ရာကိုမျှ ၎င်းအနေနှင့်ပြောကြားခွင့်မရှိဟု ဖြေကြားခဲ့သည်။

Ref,Tass

Leave a Reply

Your email address will not be published. Required fields are marked *