October 21, 2024

◾ စောထူးဖောအပြင် ကော်ဘရာတပ်ခွဲ (၃) မှ အခြား PDF ၃ ဦးပါ ပွဲချင်းပြီးသေဆုံးဟု ဆို

၃. ၅. ၂၀၂၄
Written by Nay Moe

Cobra Column တပ်ခွဲ – (၃)၏ ခေါင်းဆောင် တပ်ခွဲမှူးစောထူးဖောမှာ ကရင်စစ်မျက်နှာတွင် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည်ဟု မိခင်တပ်ရင်းက ယနေ့အသိပေးထုတ်ပြန်သည်။

“Rest in Power …. 💔 ကျွန်တော်တို့ရဲ့ခေါင်းဆောင်…တာဝန်ကျေသွားပြီ။ ပြောစရာစကားလုံး မရှိတော့ပါဘူး။ မြင့်မြတ်စွာ အနားယူပါတော့ဗျာ” ဟု Cobra Column တပ်ခွဲ – (၃) လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

PDF ဂိမ်းများတွင် ဇာတ်ကောင်အဖြစ်လည်းပါဝင်သူ စောထူးဖောမှာ မေလ ၂ ရက်နေ့ညက ကရင်ပြည်နယ်ရှေ့တန်း စစ်မြေပြင်တစ်နေရာဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းတိုက်ပွဲတွင် တပ်မ (၅၅) ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကော်ဘရာတပ်ခွဲ (၃) က လူသိများတဲ့ ခေါင်းဆောင်ပဲ RIP လုပ်ထားတာပေါ့။ တကယ်တမ်းက လက်နက်ကြီးကျည်ထိသေတာက စောထူးဖောရော တခြားကော်ဘရာတပ်ခွဲ (၃) က သုံးယောက်ရော။ လေးယောက်ပွဲချင်းပြီးသေတာ”ဟု MT News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *