၃. ၅. ၂၀၂၄
Written by Nyein Kyaw
ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ဆက်သွယ်ထားသည့် မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်ရေးလုပ်ငန်း ရာခိုင်နှုန်း ၆၀ ကျော်အထိ ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အဆိုပါမြေအောက်လမ်းကူး လူသွားဥမင်အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံကြား၌ တည်ဆောက်နေခြင်းဖြစ်သည်။
အဆိုပါမြေအောက်လမ်းကူး လူသွားဥမင်သည် ၂၃ ပေ အကျယ်ရှိ မြေအောက်လမ်းကူး လူသွားဥမင်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀) ဦး ဖြတ်သန်းသွားလာနိုင်ကာ ရွေ့လျားစက်လှေကား (၄) စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား (၁၀) ယောက်စီး (၂) စင်းပါရှိပြီး စီမံကိန်းခန့်မှန်းလျာထားကာလမှာ (၁၄) လ ခန့်ကြာမြှင့်မည်ဖြစ်ကာ လုပ်ငန်းများအားလုံးအနေဖြင့် ၆၀ ဒဿမ ၇၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။