၁၆.၁၂.၂၀၂၂
Writing By Myo Khine
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ် တောနော်ရေတံခွန်အနီးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသောကြောင့် ယာဉ်များ ဖြတ်သန်းသွားလာ၍ မရဖြစ်နေကြောင်း သိရသည်။
အဆိုပါ တံတားမှာ တောနော်ရေတံခွန်အနီး အာရှလမ်းမကြီး၏ ၁၄၅ ကီလိုမီတာနှင့်၊ ၁၄၆ ကီလိုမီတာကြားတွင် တည်ရှိသော တံတား ဖြစ်သည်။
“အဲဒီတံတားက အရင်လည်း မိုင်းခွဲတာ ခံရတယ်။ ပြန်ပြင်လိုက် ပြန်ခွဲလိုက် ဖြစ်နေတယ်။ ကားတွေ လမ်းလွှဲက သွားမှ ရမှာ။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတယ်။ ကော့ကရိတ်ဘက်နီးတယ် ဖြစ်နေတာက”ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက MT News သို့ ပြောသည်။ လတ်တလောတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။