October 30, 2024

၁၅. ၁၂. ၂၀၂၂
Written by Ye Kyaw

ဂျပန်ကုမ္ပဏီ ၂၄၃ ခုက မြန်မာလုပ်သား ၆၀၀ ကျော် ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာနိုင်ငံသံရုံးက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၂၄၃ ခုနှင့် ပတ်သက်သည့် အသိပေးအကြောင်းကြားခြင်းများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် စာရင်းများအရ ဂျပန်ကုမ္ပဏီ ၂၄၃ ခုက မြန်မာအလုပ်သမား ၆၀၀ ကျော် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *