October 21, 2024

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ပြန်လည်တွေ့ဆုံနေတဲ့ ဒေါ့မွန်နဲ့ PSG တို့ရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

၁ .၅ .၂၀၂၄
Written by MMAK

ချန်ပီယံလိဂ် မရဏအုပ်စုအဖြစ် သတ်မှတ်ခဲ့တဲ့ Group-F မှာ ဆုံတွေ့ခဲ့တဲ့နှစ်သင်း ဆီမီးဖိုင်နယ်အဆင့်မှာ ပြန်လည်ဆုံတွေ့ကြတာ ဖြစ်ပါတယ်။ ဒေါ့မွန်က အုပ်စုဗိုလ်၊ PSG က ဒုတိယနဲ့ အုပ်စုတက်ခဲ့ကြပေမဲ့ နှစ်ကြော့စလုံးမှာ PSG က အသာရခဲ့ပြီး အိမ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရကာ အဝေးကွင်းမှာ သရေရလဒ် ရယူနိုင်ခဲ့ပါတယ်။

အိမ်ရှင်ဒေါ့မွန်က ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ရယူထားနိုင်ပေမဲ့ ပြင်သစ်ကလပ် PSG ချန်ပီယံဖလား တစ်ကြိမ်မှ မရဖူးတာကြောင့် သူတို့ရဲ့ အဓိကဦးစားပေးပစ်မှတ်ဟာ ချန်ပီယံလ်ိဂ်ဖလား ဖြစ်ပါတယ်။ ပြင်သစ်အမှတ်ပေးလိဂ်မှာ တခြားအသင်းအားလုံးထက် ခေါင်းတစ်လုံးပိုမြင့်တဲ့ PSG ဟာ နှစ်တိုင်းလိုလို ပြည်တွင်းဖလားတွေကို ရယူထားနိုင်ပေမဲ့ ချန်ပီယံလိဂ်ဖလားကို မရဖူးတာကြောင့် ငွေကုန်ကြေးကျခံပြီး နည်းပြကောင်းတွေ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူထားကာ ချန်ပီယံလိဂ်ဖလားရဖို့အတွက် နှစ်တိုင်းလိုလို ကြိုးစားနေတဲ့အသင်းဖြစ်ပါတယ်။ အမ်ဘာပေ၊ အဆန်စီယို၊ ဂွန်ကာလိုရာမို့၊ ဘာကိုလာ၊ ဟာကီမီ၊ မာကွင်ဟို့စ်၊ ဒွန်နာရမ်မာ၊ ဒမ်ဘီလီနဲ့ လူးကပ်ဟာနန်ဒက်စ်တို့လို့ ကမ္ဘာ့အဆင့်ကစား သမားတွေနဲ့ အရည်အသွေးမြင့်ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ PSG က ပိုသာသလို နည်းပြအင်းနရစ်ရဲ့ သမ္ဘာရင့်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး အကောင်းဆုံး ခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပါတယ်။

နည်းပြအတွေ့အကြုံနဲ့ ကစားသမားအင်အားမှာ PSG က အသာရထားသလို နည်းပြအင်းနရစ်ဟာ ဘာစီလိုနာမှာ အောင် မြင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် ဥရောပဖလားမျိုးစုံကို ရယူထားနိုင်တဲ့ သမ္ဘာရင့် နည်းပြတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိခြေစွမ်းအရဆိုရင်လည်း PSG ပိုကောင်းတဲ့အသင်းဖြစ်ပြီး ဘာစီလိုနာလိုအသင်းကိုတောင် ကွာတားဖိုင်နယ်မှာ ဖြုတ်ချခဲ့တာတွေ့ရပါတယ်။ အိမ်ရှင်ဒေါ့မွန်အသင်းရဲ့ လက်ရှိခြေစွမ်းက အားရစရာသိပ်မရှိဘဲ ခံစစ်က​နောက်ဆုံးငါးပွဲဆက် သွင်းဂိုးခွင့်ပြုထားရတဲ့အသင်း ဖြစ်ပါတယ်။

ဒီပွဲမှာ အဝေးကွင်း PSG က ပြားသုံးဆယ်အရှံးပေးထားတာ တွေ့ရပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံးဖြစ်ပါတယ်။ အိမ်ရှင်ဒေါ့မွန်အသင်းအနေနဲ့ အိမ်ကွင်းမှာသာ ရှုံးခဲ့ရင် အဝေးကွင်းမှာ ပြန်နိုင်ဖို့ သိပ်မလွယ်တာကြောင့် အိမ်ကွင်းမှာ သွင်းဂိုးရအောင် အနိုင်ရအောင် ပြင်ဆင်ထားမှာပါ။ ဒီအခြေအနေမှာ အဝေးကွင်း PSG အသင်းကတောင် ကြေးကြောပြန်ပေးထားပုံအရ PSG အသင်းလည်း ဂိုးရမယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ ဂိုးပေါင်းကြေးအရလည်း အနိမ့်ဆုံး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ ပွဲလို့ ယူဆထားသလို အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိတာကြောင့် ပရိတ်သတ်အကြိုက် ဖျော်ဖြေပေးမဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပါတယ်။

နှစ်သင်းလုံး ဂိုးရဖို့ရှိသလို အဆုံးသတ်ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာမျိုး ဖြစ်နိုင်ပြီး PSG ဘော်ဒီနဲ့ ဂိုးပေါ် တစ်ခုခု အနိုင်ရနိုင်သလို စုံလည်း အောင်သွားနိုင်ပါတယ်။ နောက်တစ်ချက်က ပွဲအဖြေကို အပြောင်းအလဲလုပ်ပေးနိုင်တဲ့ အမ်ဘာပေလို ကမ္ဘာ့အဆင့်ကစားသမားမျိုးတွေ ပိုင်ဆိုင်ထားတဲ့ PSG အသင်းကို ရွေးချယ်ရမှာဖြစ်ပြီး PSG မရှုံးနိုင်ဘူးလို့ ယူဆထားပါတယ်။ ဒီအတွက်ကြောင့် PSG ဘော်ဒီကို ပြားသုံးဆယ်ရင်းပြီး ဝယ်ယူသင့်သလို ဂိုးပေါ်အနည်းငယ်ပြန်ကာဖို့ အကြံပေးချင်ပါတယ်။

သေချာတာကတော့ ကမ္ဘာ့ဘောလုံးဇာတ်ခုံစင်မြင့်မှာ လာလီဂါကလွဲရင် မက်ဆီမအောင်မြင်ဘူးဆိုတာနဲ့ ချန်ပီယံလိဂ်ရချင်လို့ခေါ်ခဲ့ပေမဲ့ ဆီမီးတောင်မတက်ဘူးဆိုတာ အရောင်ထပ်တင်ဖို့နဲ့ ဘာပေဟာ အနာဂတ် GOAT ဆိုတာ သက်သေပြဖို့ ဝိုင်းပြီး Support ပေးမဲ့ သူတွေ ဝိုင်းနေတဲ့အခြေအနေမှာ PSG ဟာ ဒုတိယအကျော့အိမ်ကွင်းကို အသာစီးက ကန်ဖို့အရေး ဒီပွဲမှာ အသေအကျေနွှဲမယ်လို့ယူဆမိကြောင်း……။

Leave a Reply

Your email address will not be published. Required fields are marked *