October 20, 2024

၁.၅.၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း၊ ဂွမ်ဒုံပြည်နယ်အတွင်း အဝေးပြေးလမ်းမကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခု မေလ ၁ ရက်က ပြိုကျခဲ့ရာ လူ ၁၉ ဦးသေဆုံးပြီး လမ်းပြိုမှုကြောင့်ကား ၁၈ စီးမှာလည်း ပိတ်မိနေကြောင်း သိရသည်။

နိုင်ငံပိုင် CCTV သတင်းဌာနမှကြေညာချက်တွင် မီဇိုမြို့နှင့် ဂွမ်ဒုံပြည်နယ်၊ ဒါဘူခရိုင်တို့အကြား ဆက်သွယ်ထားသော ထိုလမ်းမကြီးပေါ်တွင် ပြိုကျမှုက ဒေသစံတော်ချိန် မေလ ၁ ရက် နံနက်အစောပိုင်း နာရီများ၌ဖြစ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် လူ ၃၀ ဦးမှာလည်း အရေးပေါ်ဆေးရုံသို့ပို့ခဲ့ရကြောင်း၊ ပိတ်မိနေသော ကား ၁၈ စီးတွင် လူ ၄၉ ဦးပါရှိမည်ဟု သိရကြောင်း ဖော်ပြခဲ့သည်။

နံနက် ၁၁ နာရီ ၄၅ မိနစ်အထိ လူ ၁၉ ဦးသေဆုံးခဲ့ကြောင်းနှင့် ဆေးရုံတင်ထားရသူများမှာ အသက်အန္တ ရာယ်မရှိကြောင်းသတင်းကဖော်ပြခဲ့သည်။ သို့ရာတွင် ၎င်းတို့၏ထိခိုက်မှုများကို အသေးစိတ်မပြောကြားခဲ့ပေ။

လူမှုကွန်ရက်မှပုံများတွင် အဝေးပြေးလမ်းမကြီးဖြတ်သန်းသွားရာနံဘေးရှိ ရွှံ့နွံထူသောချိုင့်ကြီးထဲတွင် ကားလမ်းပြိုမှုကြောင့် ကျ၍ပျက်စီးနေသော ယာဉ်များမှ မီးခိုးများထွက်နေသည်ကို တွေ့ကြရသည်။ ကားလမ်းပိတ်ဆို့ထားသောနေရာတစ်ဝိုက်တွင်လည်း မီးသတ်ကားများနှင့် လာရောက်ကြည့်ရှုသူများ စုဝေးနေသည်ကိုတွေ့ကြရသည်။

အာဏာပိုင်များက အချင်းဖြစ်ပွားရာသို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀၀ ခန့်စေလွှတ်ထားကြောင်းလည်း သိရသည်။ လမ်းပြိုမှု၏အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ၎င်းက ဂွမ်ဒုံပြည်နယ်အတွင်း လွန်ခဲ့သောရက်သတ္တပတ်များ၌ဖြစ်ပွားခဲ့သော လူသေစေသည့် သဘာဝဘေးဆိုးများတွင်နောက် ဆုံးဖြစ်ပွားခဲ့မှုလည်းဖြစ်သည်။

Ref- NDTV

Leave a Reply

Your email address will not be published. Required fields are marked *