October 18, 2024

MT News

တင်ဆက်-ပန်းအိ/ တည်းဖြတ် -ဟေမာ

NETFLIX က စီစဉ်ဖန်တီးထားတဲ့ The Recruit ဆိုတဲ့ဇာတ်ကားမှာ မင်းသား Noah Centineo ကို တက်သစ်စ ရှေ့နေတစ်ဦးအနေနဲ့ တွေ့မြင်ရမှာဖြစ်ပြီး Dec လထဲမှာ Netflix ကနေ ထုတ်လွှင့်တော့မှာပါ။

To all the boys I’ve loved before, The Perfect Date စတဲ့ နာမည်ကျော်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်အသည်းစွဲဖြစ်စေခဲ့ပြီး မကြာသေးမီက ထွက်ရှိခဲ့တဲ့ Black Adam ဇာတ်ကားမှာလည်း Atom Smasher အဖြစ် ပါဝင်ရိုက်ကူးထားတဲ့ Noah Centineo ကို ဒီစီးရီးမှာလည်းအားပေးဖို့ ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

The Recruit ကို Alexi Hawley က ရိုက်ကူးဖန်တီးပေးထားတာဖြစ်ပြီး Noah Centineo၊ Katharine King So၊ Alexandra Petrachuk စတဲ့သူတွေက အတွဲညီညီ သရုပ်ဆောင်ထားတာကိုလည်း တွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းဟာ မီနီစီးရီးအမျိုးအစားဖြစ်ပြီး စုစုပေါင်း ၈ နာရီကြာမြင့်မှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ စီအိုင်အေနဲ့ ပတ်သက်နေတဲ့ အန္တရာယ်ရှိတဲ့ အမှုတွဲမှာ ပါ၀င်ပတ်သက်နေရတဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်ရှေ့နေ့လေးရဲ့ အမှုကိစ္စ ဖြေရှင်းပုံတွေ၊ စီအိုင်အေရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ တခြားအေဂျင်စီတစ်ခုက ခြိမ်းခြောက်လာတဲ့အခါ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာတွေကို မြင်တွေ့ရမှာပါ။

စပိုင်၊ စွန့်စားမှုနဲ့ ထောက်လှမ်းရေး ဒရမ်မာ အမျိုးအစားဖြစ်တဲ့ ဒီစီးရီးကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ Netflix ကနေ ကမ္ဘာတစ်ဝှမ်းလုံးကို ထုတ်လွှင့်တော့မှာမို့ MT News ပရိသတ်ကြီးလည်း စောင့်မျှော်ကြည့်ရှူနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *