October 31, 2024

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲဖြစ်သည့် ပြင်သစ်နှင့်မော်ရိုကိုပွဲတွင် မော်ရိုကိုအသင်း ရှုံးမှုအား မကျေမနပ်ဖြစ် ဆူပူသောင်းကျန်းသူများကို ပြင်သစ်နိုင်ငံ မွန့်ပယ်လီယာမြို့ လမ်းများပေါ်တွင် ဒီဇင်ဘာလ ၁၄ ရက်ညကတွေ့ရစဉ်

၅. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ကာတာနိုင်ငံတွင် ကျင်းပလျက်ရှိသော ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲဖြစ်သည့် ပြင်သစ်နှင့်မော်ရိုကိုပွဲတွင် ပြင်သစ်အသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် မော်ရိုကိုအသင်းထောက်ခံသူများက ပြင်သစ်နိုင်ငံ မွန့်ပယ်လီယာမြို့ လမ်းများပေါ်တွင် ဒီဇင်ဘာ ၁၄ ရက်ညက လှည့်လည်ဆူပူသောင်းကျန်းမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆူပူသောင်းကျန်းမှုတွင်ပါဝင်ခဲ့သော အသက် ၁၄ နှစ်ရှိ ယောင်္ကျားလေးတစ်ဦးမှာ ဒဏ်ရာများဖြင့် မွန့်ပယ်လီယာမြို့ ဆေးရုံတစ်ရုံသို့တင်ပို့ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ လူတစ်ဦးက ကားတစ်စီးပေါ်ရှိ ပြင်သစ်အလံကို ဖြုတ်ယူရန်ကြိုးစားခဲ့ရာမှ ယာဉ်မောင်းက ကားကို ဆန္ဒပြလူအုပ်ကြီးဆီသို့ လမ်းကြောင်းပြောင်းမောင်းနှင်ခဲ့ရာတွင် အဆိုပါ ယောင်္ကျားလေးကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ထို့အတူ ကားကို ထားခဲ့ပြီးထွက်ပြေးသွားသော ယာဉ်မောင်းအား ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရသည်။

မော်ရိုကိုအသင်း ရှုံးနိမ့်မှုအတွက် မကျေမနပ်ဖြစ်ကြသူများက အဓိကရုဏ်းနှိမ်နင်းရေးရဲများ ရောက်မလာခင် ကားများအား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှိခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယခင်က ပြင်သစ်၏ ကိုလိုနီနယ်မြေဖြစ်ခဲ့ဖူးသော အာဖရိကမြောက်ပိုင်းမှ မော်ရိုကိုနိုင်ငံသားများစွာက ပြင်သစ်နိုင်ငံအတွင်းနေထိုင်လျက်ရှိကြသည်။

Ref, thenationalnews

Leave a Reply

Your email address will not be published. Required fields are marked *