
၂၅.၄.၂၀၂၄
Written by TZ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္ထာခရိုင်၊ လပွတ္တာမြို့၊ နဂုံးကျေးရွာတွင် အမျိုးသားတစ်ဦးမှ မယားကြီးနှင့်မယားငယ်တို့ကို တစ်အိမ်တည်းတွင် အတူတူပေါင်းသင်းနေထိုင်ရင်း စကားများကြရာက မယားကြီးမှ ရဲဒင်းဖြင့် မယားငယ်၏ လည်ပင်းကို ခုတ်လိုက်ကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် ဧပြီလ ၂၅ ရက် နံနက်ခင်းအချိန်၌ နဂုံးကျေးရွာမှ ဒဏ်ရာရရှိသည့် မယားငယ်ဖြစ်သူကို မော်တော်ဆိုင်ကယ်ဖြင့် လ/တောင် ဇက်ဆိပ်သို့ ပို့ဆောင်ပြီး ဒေသခံလူမှုကူညီရေးအသင်းမှ ဒဏ်ရာရရှိသည့် အမျိုးသမီးငယ်ကို မန်ကျည်းပင်ကုန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် လပွတ္တာမြို့ ၃ မိုင် ကုတင် ၂၀၀ ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။
“တစ်အိမ်တည်း အတူတူနေကြတာ။ မယားကြီးနဲ့မယားငယ်ရန်ဖြစ်ပြီးတော့ စကားများတာ။ အဲ့ဒီမှာ မယားကြီးက မယား ငယ်ကို ရဲဒင်းနဲ့ခုတ်လိုက်တာ။ တော်တော်လေး နက်တတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုတော့မဖွင့်ဘူးလို့တော့ ပြောတယ်”ဟု နဂုံးကျေးရွာတွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
ထိုကျူးလွန်သူ မယားကြီးမှာ အသက် ၄၀ ဝန်းကျင်ရှိကြောင်း၊ ကျူးလွန်ခံရသည့် မယားငယ်မှာ အသက် ၂၀ ကျော်ရှိပြီး ၎င်းတို့၏ အမျိုးသားမှာ အသက် ၃၀ ကျော်ရှိကြောင်း သိရသည်။
Photo – Credit