October 30, 2024

၁၅. ၁၂. ၂၀၂၂

Written by Ye Kyaw

၂၀၂၂ ခုနှစ်အတွင်း ကျပ်ဘီလျံ ၁၀၀၀ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၆၃၀၀ မှုခန့်ရှိပြီး လာမည့်နှစ်တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားသည်။

၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၆၂၇၆ မှုရှိပြီး ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကတ်တမင်း ၂ ဒသမ ၀၄ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ်ဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအပါအဝင် ဆက်စပ်ပစ္စည်း စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလျံကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နေပြည်တော်ပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံချက်ပါ လုပ်ငန်းများထက် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားသည်။ မူးယစ်တားဆီးကာကွယ်‌ရေးဗဟိုအဖွဲ့ အောက်ရှိ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့လုံးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ အလေးထားပူးပေါင်းဆောင်ရွက်သွားရန် ၎င်းက ပြောကြားသည်။

၂၀၂၁ ခုနှစ်အတွင်း မူယစ်ဆေးဝါးနှင့် ဆက်နွှယ်၍ ငွေကြေးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ အမှုပေါင်း ၂၉ မှုနှင့် ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၂၆ မှုလွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *