October 31, 2024

၁၅. ၁၂. ၂၀၂၂

Writen by Tha Doe

မန္တလေးအနီး တံတားဦးမြို့အရှေ့ဘက် ၄ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု ယနေ့နံနက် ၃ နာရီ ၁၆ မိနစ်က ပြင်းစွာ လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ငလျင်လှုပ်ခတ်မှုဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ၃ နာရီ ၁၆ မိနစ် ၃၅ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တံတားဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၆၃ ကီလိုမီတာ (၃၈ ဒသမ ၅၂၅ မိုင်) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

“ငလျင်လှုပ်သွားတာ အိပ်နေရင်းတောင် လန့်နိုးလာတယ်။ အရမ်းပြင်းတဲ့ ငလျင်။ ဘုရားသောက်တော်ရေတင်ထားတဲ့ ရေခွက်ပါ မှောက်ကျသွားတယ်။ ဘယ်အချိန်ကလှုပ်တာလဲ မသိပေမဲ့ အရမ်းလှုပ်လို့နိုးလာတဲ့အချိန်မှာကို တစ်မိနစ်လောက် ခပ်ပြင်းပြင်းလှုပ်နေသေးတယ်” ဟု မန္တလေးမြို့နေ မမွန်မွန်က ဆိုသည်။

အဆိုပါငလျင်မှာ ပြင်းအား ၅ ဒသမ ၂ အဆင့်ဖြင့်အသင့်အတင့်သာရှိသည်ဆိုသော်လည်း ငလျင်၏ ပြင်းထန်မှုမှာ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူနှင့် မြန်မာနိုင်ငံအထက်ပိုင်းတစ်ကြောအပြင် ရန်ကုန်ဘက်တွင်ပါ သိရှိခံစားလိုက်ရသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *