၂၁ . ၄ . ၂၀၂၄
Written by MMAK
◾မန်ယူ Vs ကိုဗင်ထရီ
FA Cup ဆီးမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲဖြစ်ပြီး ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ ကိုဗင်ထရီအသင်းဟာ တစ်ဆင့်နိမ့် ချန်ပီယံရှစ်ကလပ် အသင်းဖြစ်ပေမဲ့ တိုက်စစ်ကစားပုံအသားပေးတဲ့ အသင်းဖြစ်တဲ့အတွက် သွင်းဂိုးတွေ သွင်းယူထားနိုင်တာကို တွေ့ရပြီး FA Cup ပွဲစဉ်တစ်လျောက် ငါးပွဲကစားခဲ့ရာမှာ တိုက်စစ်က ၁၉ ဂိုးထိ သွင်းယူထားနိုင်တာကို တွေ့ရပါတယ်။ မန်ယူအသင်းက အသင်းကြီးဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ခြေစွမ်းနဲ့ ရလဒ်က သိပ်မကောင်းသေးတာ တွေ့ရပြီး ခံစစ်စိတ်မချရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီပွဲမှာ မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံး သုံးဆယ်ရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး သုံးဆယ်အရှုံး ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီရာသီမှာ ဒီဖလားတစ်လုံးသာ မျှော်လင့်ချက် ရှိတာဖြစ်တဲ့အတွက် လူစုံထုတ်ပြီး ယှဉ်ပြိုင်လာမှာ သေချာပါတယ်။ ကိုဗင်ထရီအသင်းက ဦးဆောင်ဂိုးပေးရရင် ပြန်ဖွင့်ဆော့တတ်တဲ့ အသင်းဖြစ်ပြီး ခံစစ်ပေါက်ထွက်တတ်တာကြောင့် မန်ယူအသင်းသာ ဦးဆောင်ဂိုး စရခဲ့ရင် တိုက်စစ်ကစားသမားတွေ အဆုံးသတ် သေချာမယ်ဆိုရင် မန်ယူဘော်ဒီကြေး အပြည့်အောင်သွားမှာ ဖြစ်ပါတယ်။ မန်ယူအသင်း ပွဲချိန်အတွင်းမှာ အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်တာဖြစ်လို့ ပြားသုံးဆယ်ရင်းပြီး မန်ယူဘော်ဒီကိုပဲ ရွေးချယ်သင့်ပါတယ်။
◾ရီးရဲမက်ဒရစ် Vs ဘာစီလိုနာ
ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ ဘာစီလိုနာအသင်း လာလီဂါ အမှတ်ပေးဖလားတစ်လုံးသာ မျှော်လင့်ချက် ရှိနေတာဖြစ်ပေမဲ့ ထိပ်ဆုံးက ရီးရဲအသင်းနဲ့ ရှစ်မှတ်ပြတ်နေခဲ့သလို ဒီပွဲရှုံးခဲ့ရင် သေချာပေါက်ဖလားလက်လွှတ်ရဖို့ ရှိနေပြီး ဖလားလက်မဲ့ရာသီနဲ့ ကြုံတွေရတော့မှာ ဖြစ်ပါတယ်။ ရီးရဲအသင်းကတော့ ဝါရင့်နည်းပြအန်စလော့တီရဲ့ ဦးဆောင်မှု၊ လူငယ်ကစားသမားတွေရဲ့ စည်းလုံးမှုနဲ့ ယုံကြည်ချက်က အရမ်းကောင်းနေပြီး အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားချိန် ဖြစ်နေပါတယ်။ ရီးရဲအသင်းအနေနဲ့ အယ်ကလက်စီကိုဒါဘီမှာ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကို အိမ်ကွင်းဘာနေဗျူးကြီးမှာ လာလီဂါအမှတ်ပေးဖလား ကြည့်ကောင်းစေဖို့ စောင့်ခေါ်စရာ အကြောင်းမရှိပါဘူး။ ချန်ပီယံလိဂ်ပွဲစဉ်တွေကစားရဦးမဲ့ ရီးရဲအသင်း လာလီဂါအမှတ်ပေးဖလားကို စိတ်ချထားရအောင် အခုအိမ်ကွင်းပွဲကို အနိုင်ကန်ပါလိမ့်မယ်။ ပထမအကျော့ ဘာစီလိုနာကွင်းမှာ အနိုင်ရခဲ့သလို Super Cup ဖိုင်နယ်မှာလည်း ဂိုးပြတ်အနိုင်ရခဲ့တဲ့ ရီးရဲအသင်းက ပိုကောင်းတဲ့အသင်း ဖြစ်နေချိန်မှာ ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စားဆိုတဲ့ ပေါက်ကြေးဟာလည်း ရီးရဲအသင်းအနိုင်ရဖို့လုံလောက်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ အိမ်ကွင်းဘာနေဗျူးမှာ ရီးရဲအသင်း အနိုင်ရသွားပါလိမ့်မယ် ။
◾အက်စတွန်ဗီလာ Vs ဘုန်းမောက်
အက်စတွန်ဗီလာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် စပါးအသင်းနဲ့အပြိုင် အမှတ်လိုအပ်နေတာဖြစ်သလို ကြားရက်မှာ ဥရောပကွန်းဖရင့်လိဂ်ပွဲ ကစားခဲ့ရတာကြောင့် အနည်းငယ်ပွဲပန်းမှု ရှိနေပါတယ်။ ဘုန်းမောက်အသင်း ခြေစွမ်းကောင်းတာ မှန်ပေမဲ့ အာဆင်နယ်လို အသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ယူထားပြီး အိမ်ကွင်းကောင်းပါတယ်ဆိုတဲ့ ဗီလာအသင်းအနေနဲ့ ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးဟာ မဖြစ်သင့်ပါဘူး။ ဘော်ဒီကြေး တစ်လုံးငါးဆယ်စားလောက်ထိ ပေါက်သင့်တာ ဖြစ်ပေမဲ့ ဘော်ဒီကြေး လျော့ကျနေချိန်မှာ ဂိုးပေါင်းကြေးက သုံးလုံး သုံးဆယ်ရှုံးထိပေါက်နေပြီး ရွေးချယ်ရခက်ခဲတဲ့ ပေါက်ကြေးမျိုး ပေးထားပါတယ်။ ဒီပေါက်ကြေးအရဆိုရင် နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားကြမှာ မဟုတ်ပါဘူး။ တစ်သင်းနဲ့တစ်သင်း ထိန်းကစားပြီး အမှားစောင့် ကစားကြမယ် ထင်ပါတယ်။ လေးဂိုးလောက်အထိ မြင်ရဖို့ မရှိဘဲ အလွန်ဆုံး သုံးဂိုးလောက်သာ မြင်ရနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs ဝက်စ်ဟမ်း
ပြီးခဲ့တဲ့အပတ်က လီဗာပူးအသင်းရဲ့အိမ်ကွင်း
အန်းဖီးမှာ အနိုင်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ယုံကြည်မှု အားကောင်းနေနိုင်သလို ကစားပုံ မဆိုးတာ တွေ့ရပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ နောက်ရာသီ ဥရောပဝင်ခွင့်တစ်နေရာရဖို့ ကြိုးစားလို့ရတဲ့ အခြေအနေဖြစ်ပေမဲ့ လက်ကျန်ပွဲစဉ်ငါးပွဲမှာ အသင်းကြီးသုံးသင်းနဲ့ကန်ရမှာ ဖြစ်တာကြောင့် ဒီပွဲစဉ်မှာ သုံးမှတ်ရဖို့ ဦးတည်ကစားလာနိုင်ပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် အကြိတ် အနယ်ယှဉ်ပြိုင်ကစားကြဦးမှာဖြစ်ပြီး သရေရလဒ်နဲ့ ပွဲပြီးသွားမယ်မထင်ဘဲ အနိုင်အရှုံးပေါ်အောင် ယှဉ်ပြိုင်ကစားကြမယ် ထင်ပါတယ်။ ဒီပွဲစဉ်မှာ အောက်အသင်း ပဲလေ့စ်အသင်းက ပြားနှစ်ဆယ်ရှုံး ကြေးကြော ပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးကို သိပ်မကြိုက်ပေမဲ့ ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ ပွဲဖြစ်ပါတယ်။ ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဖူဟမ် Vs လီဗာပူး
လီဗာပူးအသင်း ခြေစွမ်းကျဆင်းသွားတာတွေ့ရ
သလို တိုက်စစ်က ဂိုးမသွင်းနိုင်ဘဲ ဆာလက်၊ နူနက်နဲ့ ဒိုင်ယက်တို့ ယုံကြည်မှု ပျောက်ဆုံးနေကြပါတယ်။ လီဗာပူအသင်းရဲ့ နောက်ဆုံး သုံးပွဲမှာ တိုက်စစ်ကတစ်ဂိုးသာ ရခဲ့ပြီး ယူရိုပါလိဂ်ကနေ ထွက်ခဲ့ရပါတယ်။ ဖူဟမ်အသင်းကတော့ ဖျက်မြင်းအသင်းလိုဖြစ်နေပြီး အသင်းကြီးတွေကိုမှ ဒုက္ခကောင်းကောင်းပေးနေတဲ့ အသင်းဖြစ်နေပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းရဲ့ တစ်လုံးသုံးဆယ်စားဆိုတဲ့ ဘော်ဒီပေါက်ကြေးဟာ လီဗာပူးအသင်းကို ယုံကြည်ဖို့ရာ ခက်ခဲတဲ့ ပေါက်ကြေးတစ်ခုဖြစ်ပါတယ်။ ဖူဟမ်နဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးရှစ်ပွဲမှာ လီဗာပူးအသင်း နှစ်ဂိုးပြတ်နိုင်ပွဲမရှိခဲ့သလို ဘော်ဒီပေါက်ကြေးနဲ့ ဂိုးပေါင်းကြေးအရ အိမ်ရှင်ဖူဟမ်အသင်း ဂိုးရဖို့များပြီး လီဗာပူးအသင်း နိုင်ခဲ့ရင်တောင် ဂိုးမပြတ်ပါဘူး။ ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်ဖူဟမ်အသင်းကို ရွေးချယ်ရမှာပါ။