November 1, 2024

၂၁. ၄. ၂၀၂၄
Written by Nay Moe

အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူး ကျဆုံးသွားတယ်လို့ ထိုင်းသတင်းအချို့မှာဖော်ပြနေတယ်ဆိုပြီး ရုပ်ပုံမှာ ထိုင်းစာတွေရေးထားပြီး သတင်းထုတ်နေပေမဲ့လည်း အဲဒီသတင်းက မှားယွင်းတယ်လို့ PDF နဲ့ EAO တွေရဲ့ စစ်ရေးသတင်းကို မှတ်တမ်းတင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ငြင်းဆိုတဲ့ သတင်းဖော်ပြထားပါတယ်။

“ဧပြီလ ၂၀ ရက်နေ့ မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ အမှတ် (၄၄) တပ်မမှုုး ဗိုလ်မှုုးကြီး စိုးမင်းထက် အပါအဝင် အဖွဲ့ဝင် ၅၀ ခန့် သေဆုံးတယ်လို့ ထိုင်းသတင်းတွေက
လွှင့်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ရရှိထားတဲ့သတင်းမှာ အမှတ် (၄၄) တပ်မမှူးဟာ မြဝတီမြို့ထဲက ရှေ့တန်းစစ်ဆင်ရေးရုံးမှာ KNA /BGF အမှတ်(၁)အထူးလုံခြုံတပ်ရဲ့ တပ်ရင်းမှုုးနိုင်မောင်ဇော်နဲ့အတူ ဧပြီလ ပထမအပတ်ထဲက ရှိနေတာဖြစ်တယ်။ ခလရ (၂၇၅) တပ်စွန့်ဆုတ်ခွာချိန်မှာ တပ်ရင်းမှုုးသာ လိုက်ပါသွားခဲ့ခြင်ဖြစ်တယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက တာဝန်ခံ ထွန်းထွန်း(အရေးတော်ပုံတပ်သား) က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီသတင်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုးမင်းထက်နဲ့ နီးစပ်တဲ့မိတ်ဆွေတစ်ဦးက ဖုန်းဆက်သွယ်မေးမြန်းရာမှာလည်း ဗိုလ်မှူးကြီးစိုးမင်းထက်က “ကောလာဟလတွေပါ”လို့ ပြန်လည်ဖြေဆိုထားတာကိုလည်း လူမှုကွန်ရက်မှာ မျှဝေထားတာကို တွေ့ရှိရပါတယ်။

ဓာတ်ပုံ – Tun Tun Kyaw Oo

Leave a Reply

Your email address will not be published. Required fields are marked *