MT News
၂၁. ၄. ၂၀၂၄
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင် ကစားနေတဲ့ AFC Futsal Asian Cup 2024 (Group A) မှာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် ဒီနေ့ ဧပြီ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ အချိန်မှာ တရုတ်အသင်းနဲ့ ယှဥ်ပြိုင်ရမှာပါ။
မြန်မာအသင်းဟာ AFC Futsal Asian Cup မှာ အုပ်စု (က) ထဲ အိမ်ရှင်ထိုင်း၊ တရုတ်၊ ဗီယက်နမ်တို့နဲ့ ယှဥ်ပြိုင်နေရတာဖြစ်ပြီး နှစ်ပွဲစီယှဥ်ပြိုင်အပြီးမှာတော့ ထိုင်းက ၆ မှတ်နဲ့ အုပ်စုတက်သွားပြီး ဗီယက်နမ်က ၄ မှတ်နဲ့အုပ်စုဒုတိယဖြစ်ကာ မြန်မာကတော့ ၁ မှတ်နဲ့ အုပ်စုတတိယပါ။
တရုတ်ကတော့ အမှတ်ဗလာဖြစ်နေလို့ ဒီနေ့ပွဲမှာ တရုတ်ကို တရုတ်ကို ဂိုးပြတ်နိုင်ဖို့လိုသလို ထိုင်းကလည်း ဗီယက်နမ်ကို ဂိုးပြတ်သွင်းသွားမယ်ဆို အုပ်စုဒုတိယနဲ့တက်နိုင်လို့ ထိုင်းလည်း ဗီယက်နမ်ကို ၅ ဂိုးပြတ်လောက်နိုင်၊ မြန်မာကလည်း တရုတ်ကို ၅၊ ၆ ဂိုးပြတ်နိုင်မယ်ဆိုရင် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့် တက်နိုင်ခြေရှိလို့ ကံနဲ့ မြန်မာအသင်းရဲ့ ခြေစွမ်းကို ပုံပြီး မကြာခင်မှာ စောင့်ကြည့်အားပေးရင်း ဆုတောင်းကြပါစို့လို့ပဲ…။