MT News
၂၁. ၅. ၂၀၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြို့ရှောင်လမ်းတွင် ဆယ်ဘီးယာဥ်တစ်စီးမှာ ဘရိတ်ပေါက်ပြီး နေအိမ်ကိုဝင်တိုက်မိရာက ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရမှု ယနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၁)တွင် ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာသော ဆယ်ဘီးယာဉ် ၁ စီး ဘရိတ်ပေါက်၍ အနီးရှိ နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကို ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၆ ဦးအနက် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူတို့အား ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်း၊ ပဒုမ္မာလူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။