October 31, 2024

MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံလွှတ်တော်က ထိုင်းနိုင်ငံ၏ ၂၀၂၃ -၂၀၃၇ အမျိုးသားအာကာသနှစ်ရှည်စီမံကိန်းနှင့် ထိုင်းအာကာသလုပ်ငန်းကို ခိုင်မာသောဆောင်ရွက်ချက်များဖြင့် တိုးတက်စေမည့် အမျိုးသားဂြိုလ်တုဆက်သွယ်ရေးမူဝါဒတို့ကိုပါ ဒီဇင်ဘာလ ၁၃ ရက်က အတည်ပြုခဲ့ကြောင်း အစိုးရ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရတ်ချာဒါ သာနာဒီရက်က ပြောသည်။

ထိုင်းနိုင်ငံ၏ အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် အမျိုးသားလုံခြုံရေး၊ ကြွယ်ဝမှုရှိရေးနှင့် သဘာဝသယံဇာတများ မပြုန်းတီးရေးတို့အတွက် အာကာသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ပြသမည်ဖြစ်သည်။ စီမံကိန်းအရ ထိုရည်ရွယ်ချက်များကို သုတေသနပြုမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာကာသလုံခြုံရေး၊ စီးပွားရေး၊ စက်မှုလုပ်ငန်း၊ တီထွင်မှု၊ နည်းပညာနှင့် စူးစမ်းရှာဖွေမှုတို့ဖြင့် ရရှိအောင်မြင်စေမည်ဖြစ်သည်။

စီမံကိန်းတွင်ပါဝင်သော မဟာဗျူဟာများတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်ကြောင်းသိရသည်။ ထိုင်းအာကာသအေဂျင်စီ Gistda က အမေရိကန်အာကာသအေဂျင်စီ နာဆာနှင့် ချင်းရိုင်ရှိ အာကာသဓာတ်ခွဲခန်းအပါအဝင် စီမံကိန်းများကို ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

Ref,The Nation

Leave a Reply

Your email address will not be published. Required fields are marked *