October 23, 2024

လူမှုကွန်ရက်တွင် ပေါက်ကြားလာသော အိချောပို၏ စုံတွဲဓာတ်ပုံ

၁၄. ၁၂.၂၀၂၂
Written By Naddy

အမျိုးသားထုကြီး တစ်ခုလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ မင်းသမီးချောလေး အိချောပိုရဲ့ အနမ်းပန်းခြွေတဲ့ ပုံလေးတက်လာတဲ့ အပေါ်  အမျိုးသားထုကြီးအားလုံးက ကြေကွဲစွာ ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၄ ရက်မှာ ပျံ့နှံ့လာခဲ့တဲ့ ဒီပုံမှာ အိချောပိုဟာ ပန်းစည်းတစ်ခုကို ကိုင်ထားပြီး တန်ဖိုးကြီး LV ဒီဇိုင်နာဂျက်ကတ်ကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးကို အနမ်းပန်းခြွေနေတာပါ။ ကိုဗစ်နဲ့ နိုင်ငံရေးပဋိပက္ခကာလမှာ လူငယ်အမျိုးသား၊ အမျိုးသမီးတွေ နှစ်သက်ကြတဲ့ အနုပညာရှင်တွေ အိမ်ထောင်ပြုကုန်ကြလို့ နှမြောနေကြချိန်မှာ ၂၀၂၂ ခုနှစ်အကုန်မှာ အမျိုးသားတွေကို အသည်းခွဲတဲ့ စူစူ ဆိုပြီးလည်း အမျိုးသမီးထုကတော့ ပီတိဖြစ်နေတာလည်း တွေ့ရပါတယ်။

အိချောပိုရဲ့ လှပပြီး ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှပုံလေးကြောင့် အမျိုးသားထုကြီး တစ်ခုလုံး စွဲမက်နေကြတာလဲ ဖြစ်ပေမဲ့ အနမ်းပန်းခြွေခံရသူ ပိုင်ရှင်ထွက်ပေါ်တဲ့ပုံလေး leak ဖြစ်လာတာနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးလည်း စိတ်ဝင်စားလျှက်ရှိနေတာ ဖြစ်ပါတယ်။

တချို့ Facebook User တွေကတော့ အိချောပိုရဲ့ အနမ်းပန်းပိုင်ရှင်ဟာ CB ဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးရဲ့သားဖြစ်ကြောင်း ရေးသားထားတာကိုလည်း တွေ့ရပြီး MT News အနေနဲ့လည်း အိချောပိုရဲ့ အနမ်းပန်းပိုင်ရှင်ကို အတည်ပြုဖို့စုံစမ်းနေပြီး ဆက်လက်သိရှိရတာတွေ ဖော်ပြပေးသွားပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *