October 23, 2024

၁၄. ၁၂. ၂၀၂၂
Written By Naddy

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်မည့် ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုအား ဗီဇာအခက်အခဲကြောင့် လာရောက်မဖျော်နိုင်‌ကြောင်း ချမ်းချမ်းက ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတွင် Live လွှင့်ဖြေရှင်းခဲ့သည်။

“အဓိကတော့ အခုလိုတော်လှန်‌ရေးကာလမှာ အလွဲအမှားလေးတွေ စေတနာအမှားလေးတွေ မဖြစ်စေဖို့ ပွဲရှင်နဲ့ ပရိသတ်ကြားနားလည်မူ မလွဲဖို့အတွက် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကျွန်မတို့ အဆိုတော်တွေ ခေါ်ပြီးပွဲ လုပ်မယ်ဆိုရင် ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေ ရှင်းပြချင်တာပါ။ ဒါ အရမ်းအရေးကြီးပါတယ်ရှင့်။ မလေးရှားမှာရှိတဲ့ ပရိသတ်တွေနဲ့ နားလည်မူလွဲနိုင်တယ်။ ဗီဇာကို ပေါ့ပေါ့လေးပဲလုပ်လိုက်မိတယ်။ အဖွဲ့အစည်းက ခိုင်ခိုင်မာမာ တိတိကျကျခေါ်ယူတာမျိုး မဟုတ်ဘဲ ဗီဇာက အဆင်မပြေသွားဘူး။ အဲကြောင့် ပွဲလက်မှတ်တွေ ကြိုရောင်းပြီး ကြေညာထားဖူးတဲ့အတွက်ကြောင့် ဒီအမေရိကပွဲကို သင်ခန်းစာယူပြီးမှ ဘယ်ပွဲပဲ ဆိုဖို့ လက်ခံလက်ခံ ကျွန်မအမြဲတမ်းပြောပါတယ်။ ဗီဇာသေချာပြီးမှ ပွဲအတွက် လက်မှတ်ရောင်းတာတို့ ကြေညာတာမျိုးလုပ်ပါ။ ရေရှည်မှာ ပရိသတ်နဲ့ ပွဲရှင်ကြား ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ယုံကြည်မူတွေ ကျရှုးလာမယ်။ ပျောက်နိုင်တယ်လို့ ကျွန်မပြောဖူးပါတယ်။ တော်ရုံ မဖြစ်နိုင်တာကို လက်မခံပေးပါဘူး။ ကျွန်မဘက် မသေချာသေးတာကို လက်ခံပြီးမှ မကြေညာပေးနိုင်ပါဘူး”ဟု ၎င်းကပြောသည်။

မလေးရှားနေထိုင်သူများအနေဖြင့် အဆိုပါ ဖျော်ဖြေမှုနှင့် ပတ်သက်သော ဖြေရှင်းချက် Live ကို Share ပေးရန် ချမ်းချမ်းက တောင်းဆိုခဲ့သည်။ နို၀င်ဘာလနှင့် ဒီဇင်ဘာလတွင် အမေရိကနိုင်ငံ၌ Tour ရန်ပုံငွေ ရှာဖွေရန် အစီအစဥ်ဆွဲဖူးကြောင်း အဖွဲ့အစည်းမှ ဗီဇာအဆင်မပြေဖြစ်ခဲ့‌ကြောင်း သိရသည် ။

“ဒီဇင်ဘာ ၁၁ ရက်နေ့ မလေးရှားမှာ ပွဲမှာလည်း ကျွန်မ မလာနိုင်ဘူး။ သူတို့ နောက်ထပ်လုပ်မယ့် ၁၈ ရက်နေ့ ပွဲမှာလည်း ကျွန်မ မလာနိုင်ပါဘူး။ ဘာ‌ကြောင့်လဲဆိုတော့ ဗီဇာကိစ္စမသေချာတဲ့ အတွက်ပါ။ ကျွန်မ တစ်ယောက်တည်းအတွက် ရှင်းပြတာမဟုတ်ဘဲ ဘယ်အဆိုတော်ကို ဘယ်နိုင်ငံကနေခေါ်ခေါ်  ဒီတော်လှန်ရေး အတွက် ပါဝင်ကူညီပေးဖို့အတွက် တက်ကြွနေကြတဲ့ အဖွဲ့အစည်းတွေ အဆိုတော်တွေ တိကျသေချာ အစီအစဥ်မရှိဘဲ ခေါ်ယူရင် ပွဲရှင်အတွက်ရော လာကြည့်ဖို အားခဲထားတဲ့ ပရိသတ်တွေရော အဆိုတော်တွေ အတွက်ပါ အဆင်မပြေပါဘူး။ ကြိုပြောချင်တာပါ။ ကိုယ့်ကို လိုတဲ့သူရှိတယ်။ မလိုတဲ့သူတွေလည်း ရှိတယ်။ နောက်နိုင်ငံရေးကို စိတ်၀င်စားသူရှိတယ် ။ စိတ်မဝင်စားသူလည်းရှိတယ်။ ဘက်တူညီသူရှိတယ်။ ပါတီမတူသူရှိတယ်။ ဒီအတွက် ကျွန်မတို့က အတိုက်အခိုက်ကြားက ဒီတော်လှန်ရေးကို ကူညီနေကြတာဖြစ်တဲ့အတွက်ကြောင့် လွဲမှားလို့ မရပါဘူး”ဟု ချမ်းချမ်းက ပြောသည်။

ဒီဇင်ဘာလအတွင်း ရုံးပိတ်ရက်များများသည့်အတွက် ဗီဇာကို ၂လ ခန့် ကြိုလျှောက်ရ‌ကြောင်း၊ မလေးရှားနိုင်ငံသည် မိမိနိုင်ငံအတိုင်း နိုင်ငံရေးအတွက် အရှုပ်အရှင်း အန္တရာယ်များသည့် နိုင်ငံဖြစ်သည့်အတွက် ဗီဇာလုပ်ချင်တိုင်း လုပ်ရန် မလွယ်ကူကြောင်း နှစ်ဖက်နိုင်ငံ သဘောတူညီမူရရှိမှသာ ဖျော်ဖြေပွဲကို ကြေညာရန် လက်မှတ်ရောင်းရန်လည်း ချမ်းချမ်းက ပြောသည်။

အဆိုတော်ချမ်းချမ်းက “ဗီဇာမရတဲ့အတွက် ပရိသတ်ကို မျှော်လင့်ချက်ပေးသလို ညာသလိုဖြစ်သွားနိုင်တယ်။ မလေးရှားက ပရိသတ်တွေက စောင့်နေတယ်။ မချမ်းက မလာဘူး။ တခြားပြည်ပနိုင်ငံ သွားနေတယ်လို့ အထင်မခံနိုင်ပါဘူး။ ကျွန်မက ကလေး ၂ယောက်အမေဖြစ်တယ်။ ကျွန်မတတ်နိုင်တဲ့ဘက်က မြန်မာနိုင်ငံ တော်လှန်ရေးအတွက် လိုအပ်တဲ့ ကဏ္ဍတွေ၊ စစ်ရှောင် ကလေးတွေ လိုအပ်နေတဲ့ ရန်ပုံငွေတွေ ဖြည့်တင်းဖို့အတွက် ကျွန်မမိသားစုထက် အချိန်ဖဲ့ပေးပြီး ဒီပွဲတွေကို မရမကဆိုပေးနေတာပါ။ ဒီအတွက်ကြောင့် အချင်းချင်း Respect ထားရပါမယ်။ မြန်မာနိုင်ငံသားတစ်ယောက်က ဗီဇာနဲ့ ပတ်သက်လာရင် သူများနိုင်ငံမှာ အရမ်းမျက်နှာငယ်ရပါတယ်။ လက်မှတ်ဝယ်ယူထားသူများလည်း စိတ်ပေါ့ပါးစွာနဲ့ အလှူတစ်ခုလုပ်လိုက်တယ်လို သဘောထားပေးပါ”ဟု သူမက ဆက်လက်ပြောသည်။

သူမသည် လက်ရှိမြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် အွန်လိုင်းမှ ဗီဇာလျှောက်မရ‌ကြောင်း လူကိုယ်တိုင်သွားရောက် ဗီဇာယူရကြောင်းသိရသည်။ အီတလီနိုင်ငံမှ တိကျခိုင်မာသော အထောက်အထားများ မရှိပါက ဗီဇာထုတ်မပေးကြောင်း၊ သေချာဆုံးဖြတ်ချက်ပေးနိုင်မှ ပြည်ပနိုင်ငံ ထွက်ခွင့်ရကြောင်း သိရသည်။ အဆိုတော် ချမ်းချမ်းသည် မလေးရှားနိုင်ငံသို့ ယခုနှစ် မဟုတ်ဘဲ လာမည့် ၂၀၂၃ ခုနှစ်မှသာ လာရောက်နိုင်မည်ဖြစ်‌ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *