October 23, 2024

၁၄. ၁၂. ၂၀၂၂

Translated by Htwe Ko Tun

ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် သတင်းထောက်တစ်ဦးသေဆုံးမှု ဒုတိယအကြိမ်အဖြစ် ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရကြောင်း CNN သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်တွင်ဖေါ်ပြခဲ့သည်။

သေဆုံးသူမှာ ခါလက် ဆေ့ဖ် ဆာလမ်အယ်လ်-မစ်လမ် ဆိုသူဖြစ်ကာ ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး ကာတာသတင်းဌာန AlKass အတွက် တာဝန်ထမ်းဆောင်နေစဉ် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်၌ သေဆုံးခဲ့ခြင်းဟု သတင်းတွင်ဖော်ပြခဲ့သည်။ The Gulf Times သတင်းဌာနက ၎င်းမှာပြိုင်ပွဲအတွက် သတင်းရယူနေစဉ် ရုတ်တရက်သေဆုံးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

အယ်လ်-မစ်လမ်၏ သေဆုံးမှုမှာ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကိုလည်း ရှင်းလင်းစွာမသိရသေးပေ။ AlKass သတင်းဌာနကမူ အယ်လ်-မစ်လမ်၏ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းနှင့် မိသားစု၊ ဆွေမျိုးများကို ပံ့ပိုးပေးသွားမည်ဟု တွစ်တာတွင်ဖော်ပြခဲ့သည်။ သို့သော် သေဆုံးမှုနှင့်ပတ်သက်၍ သတင်းတစ်စုံတစ်ရာထပ်မံမထုတ်ပြန်ခဲ့ပေ။

အာဂျင်တီးနားနှင့် နယ်သာလန် ဘောလုံးပွဲကျင်းပနေစဉ်အတွင်း ဒီဇင်ဘာ ၉ ရက်ကလည်း နာမည်ကြီးအမေရိကန်အားကစားသတင်းထောက် Grant Wahl သတင်းရယူနေစဉ် လဲကျသေဆုံးခဲ့ပြီး ထိုသေဆုံးမှုမှာမူ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း၊ ပင်ပန်းသောအလုပ်တာဝန်များကြောင့် စိတ်ပန်းလူပန်းဖြစ်ကာ အအေးမိဝေဒနာရက်ရှည်ခံစားခဲ့ရသည်ဟု ဆိုသည်။

သို့သော် အဆိုပါ အားကစားသတင်းထောက်မျာ းသတင်းရယူစဥ်သေဆုံးမှုများအပေ ါ် ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ကာတာအစိုးရတို့က တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပေ။

Ref— CNN

Leave a Reply

Your email address will not be published. Required fields are marked *