October 23, 2024

SAC ဥက္ကဋ္ဌနှင့် ကချင်ပြည်နယ် MSME လုပ်ငန်းရှင်များ တွေ့ဆုံစဥ်

၁၄. ၁၂. ၂၀၂၂
Written by Ye Kyaw

ဒေသထွက်ကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ကုန်သွယ်ခွန် လျော့ကျစေရေး သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းပေးစေလိုကြောင်း ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက SAC ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၃ ရက်တွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့စဥ် ဒေသခံလုပ်ငန်းရှင်များက ထိုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်မှုအခွန်ပမာဏ လျော့ကျစေရေး သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးစေလိုသည့်အပြင် အတိုးနှုန်းသက်သာသည့် ရင်းနှီး မ,တည်ချေးငွေများကို ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ‌ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်ချက်များကိုလည်း တင်ပြခဲ့သည်။

ကချင်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ထို့အတူ အခြားပြည်နယ်နှင့် တိုင်း‌ဒေသကြီး အသီးသီးသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် MSME လုပ်ငန်းများမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်ပသွင်းကုန် အစားထိုးရန်နှင့် ပြည်ပသို့ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရန် ဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးကဏ္ဍအတွက် အရေးပါသော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်သွားမည်ဖြစ်ကြာင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *