October 23, 2024

ရန်ကင်းပရဟိတလူငယ်များ ပရဟိတအသင်း

၁၄. ၁၂. ၂၀၂၂
Written by Thi Ha

ကားသုံးစီးဆင့်တိုက်ရာမှ ယာဥ်တစ်စီးမီးလောင်ကာ လူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၂ နာရီ ၃၅ မိနစ် ဝန်းကျင်ခန့်တွင် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းဆုံတွင် အယ်လ်ဖတ်ကား၊ မတ်ခ်တူးကား၊ အရေးပေါ်ယာဥ် ၃ စီးဆင့် တိုက်မိရာမှ မတ်ခ်တူးကားမီးလောင်ခဲ့ပြီး ကျား ၆ဦး မ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကင်းမြို့နယ်ရှိ ပရဟိတ လူငယ်များ ပရဟိတအသင်းမှ သိရသည်။

“ကျွန်တော်တို့ ဖြစ်စဥ်သိရတော့ ည ၁၂ နာရီ ၅၀ မိနစ် ဖြစ်နေပြီ။ ဝေဇယန္တာလမ်းမှာ ကားမီးလောင်တာ လူထိခိုက်တာရှိတယ်။ ဒီလိုပဲ သိပြီး ထွက်တာ။ ဟိုရောက်မှ ကားသုံးစီးဆင့်တိုက်ထားမှန်းသိတာ။ ဘယ်ကားမှားတယ် မှန်တယ်တော့ ဖြစ်စဥ်မသိရဘူး။ မတ်ခ်တူးကတော့ တစ်စီးလုံးမီးလောင်နေတာ။ ထိခိုက်လူနာက စုစုပေါင်း ၈ ဦးမှာ ဦးခေါင်းထိတဲ့ ၂ ဦးက သတိမလည်တာ တစ်ဦး။ သတိရတစ်ချက် မရတစ်ချက်က ၁ ဦးပေါ့။ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့တယ်။ နောက် စံပြဆေးရုံက ၂ဦး။ မြောက်ဥက္ကလာ မေဓာဝီ ဆေးရုံကိုက ၂ ဦး ပို့ပေးခဲ့ပါတယ်” ဟု ရန်ကင်းပရဟိတလူငယ်များ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။

ဖြစ်ပွားခဲ့သည့် ကားမီးလောင်မှုအား တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *