October 23, 2024

၁၄. ၁၂. ၂၀၂၂

Written by Min Mahar

မိသားစုပိုင် မာလာဟင်းဆိုင်မှာ ကူညီလုပ်ကိုင်နေတဲ့ မန္တလေး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစိန်ဝင်းကို Special Task Force – STF (MDY)အဖွဲ့က ဒီဇင်ဘာ ၁၃ ရက် ညနေစောင်းမှာ ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းမြင်ကွင်းဖြစ်ပါတယ်။

STF-MDY အဖွဲ့ ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ အင်္ကျီဗလာနဲ့ ဆိုင်အတွင်းဝင်ရောက်ဖို့ပြင်နေတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားတွေက အနောက်ကနေပြီး အလစ်အငိုက်မှာ နောက်စေ့ကို ပစ်သတ်ကာ ထွက်ပြေးသွားတဲ့ မှတ်တမ်းကို တွေ့ရပါတယ်။

တော်လှန်ရေးလို့ အမည်တပ်ပြီး လက်နက်မဲ့ပြည်သူတွေကို နောက်ကွယ်က ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်နေတာ အခုဆို လက်နက်မဲ့ပြည်သူ ၄၁၀၀ ခန့်ဟာ ဦးစိန်ဝင်းကို ပစ်သတ်ခဲ့သလိုမျိုး ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခံထားရပါတယ်။

ဗိုလ်အနိစ္စရဲ့ STF-MDY အဖွဲ့က “ရတနာဘုမ္မိအရှေ့ရပ်ကွက်ရုံး အုပ်ကြီးစိန်ဝင်းအား ကျွန်ုပ်တို့ STF-MDY အဖွဲ့သားများမှ နှုတ်ခမ်းနီတစ်တောင့်ဖြင့် HeadShot ပစ်ကာငရဲသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။ အုပ်ကြီး စိန်ဝင်းအားငရဲသို့ ပို့ဆောင်ပြီးနောက် ကျွန်ုပ်တို့ STF-MDY ညအဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်”လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် “အသိုက်ကိုဖျက်ရင် အသက်ကိုပြန်ယူမယ်” လို့လည်း ဗိုလ်အနိစ္စက ခြိမ်းခြောက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *