October 30, 2024

Photo News

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးချုပ်ဟာ KIA ကြီးစိုးနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားကို ရောက်ရှိပြီး မြစ်ကြီးနားတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံနေတာပါ။

ဒီတွေ့ဆုံပွဲမှာ SAC ဥက္ကဋ္ဌက လက်ရှိကာလဟာ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်တာတောင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းမှု အပြည့်အဝမရသေးတာ၊ ဒီမိုကရေစီပထမသက်တမ်း ဦးသိန်းစိန်အစိုးရနောက် တက်လာတဲ့ ဒုတိယသက်တမ်းက NLD အစိုးရဟောင်းဟာ စီမံခန့်ခွဲမှုအားနည်းတာကြောင့် စီးပွားရေးကျဆင်းမှုဖြစ်ခဲ့သလို ကိုဗစ် – ၁၉ ကြောင့်လည်း နိုင်ငံ့စီးပွားရေး ပိုမိုကျဆင်းခဲ့တာ၊ နိုင်ငံရေးအရအသုံးချတဲ့ မရိုးမသားဆောင်ရွက်မှုတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာ အသုံးချတာ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာအာဏာရပါတီ NLD က မဲအနိုင်ရရှိရေး မသမာသည့်နည်းလမ်းနဲ့ဆောင်ရွက်ခဲ့ပြီး မဲစာရင်းကွဲလွဲမှုကို ဖြေရှင်းဆောင်ရွက်ပေးဖို့ တပ်မတော်က တောင်းဆိုတာကို ဆောင်ရွက်ပေးမှုမရှိဘဲ လွှတ်တော်ခေါ်ဖို့အထိ ဖြစ်လာလို့ ခြေဥနဲ့အညီ တာဝန်ယူတာတွေ မိန့်ခွန်း​ပြောခဲ့သလို ဒီ တာဝန်ယူမှုကိုလည်း ဥပဒေနဲ့အညီ လုပ်ကိုင်နေတယ်လို့ပဲ ပြောခဲ့တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *