MT News
၁၄. ၁၂. ၂၀၂၂
မက်ဆီနဲ့ အာဂျင်တီးနားအတွက် ဖလားရယူချင်နေတဲ့ အာဂျင်တီးနားတွေဟာ ဒီနေ့ပွဲမှာတော့ တန်ပြန်တိုက်စစ်တွေက ချောင်းကစားရင်းကနေ ဂိုးကန်သွင်းခွင့်အများအပြားရခဲ့တာပါ။
ပထမပိုင်း ၃၄ မိနစ်မှာ ပင်နယ်လ်တီ ရခဲ့တာကို မက်ဆီက အမှားအယွင်းမရှိကန်သွင်းသွားတာကို လက်စွမ်းပြနေတဲ့ ဂိုးသမား လီဗာကိုဗစ်လည်း မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။ ပထမဂိုးပေးအပြီး ငါးမိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကိုအဓိကချောင်းကစားနေတဲ့ အာဂျင်တီးနားတို့်အခွင့်အရေးထပ်ရခဲ့ပြီး မန်းစီးတီးကြယ်ပွင့် အယ်လ်ဗာရက်ဇ်က ကွင်းတစ်ဝက်လောက်ကနေ တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူခဲ့တာကိုလည်း ခရိုအေးရှားတို့ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရပြန်ပါတယ်။
နှစ်ဂိုးပြတ်ရှုံးနေတဲ့ ခရိုအေးရှားတို့ ဒုတိယပိုင်းမှာလည်း အာဂျင်ကို အဆက်မပြတ်ဖိအားပေးနေပေမဲ့ ဂိုးရဖို့ အခွင့်အရေးတွေရခဲ့တာက အာဂျင်တီးနားပဲဖြစ်ခဲ့ပြီး ၅၇ မိနစ်မှာ မက်ဆီရဲ့ အပိုင်ကန်သွင်းမှုကိုသာ လီဗာကိုဗစ်
မတားဆီးနိုင်ရင် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း အသက်အကြီးဆုံး ဂိုးအများဆုံးသွင်းသူ အဖြစ် ၅ ဂိုးသွင်းပြီး မှတ်တမ်းဝင်ထားတဲ့ မက်ဆီဟာ ၆ ဂိုးမြောက်သွင်းဂိုးသွင်းပြီး ရွှေဖိနပ်ဆုကိုပါ မျှော်မှန်းနိုင်မှာပါ။ ဒါ့အပြင် ဒီကမ္ဘာ့ဖလားရဲ့ ရွှေဖိနပ်ဆုကို မှန်းနေတဲ့ ဘာပေကိုပါ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်မှာပါ။ ဒါပေမဲ့ ဒီအခွင့်အရေးကို လီဗာကိုဗစ် ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၉ မိနစ်မှာတော့ ခရိုအေးရှားတို့ တားဆီးဖို့ မတတ်နိုင်ဖြစ်နေတဲ့ မက်ဆီကပဲ ဆွဲဝင်ပြေးလာတာကို အယ်ဗာရက်ဇ်က ကန်သွင်းယူခဲ့တာကြောင့် အာဂျင်တီးနားတို့ သုံးဂိုးပြတ်အနိုင်ရလဒ်နဲ့ ဆီမီးဖိုင်နယ် တက်သွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ကွင်းလယ်ကစားကွက်အသာ ခြေအသာနဲ့ ဆော့နိုင်ခဲ့တဲ့ ခရိုအေးရှားတို့ အဓိကအားနည်းချက်က ဂိုးပေါက်တည့်အောင် မကန်နိုင်ခဲ့ကြတာပါ။ ခြေအသာနဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော် ရယူထားပေမဲ့ ဂိုးကန်သွင်းမှု ၁၂ ကြိမ်မှာ နှစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး တန်ပြန်တိုက်စစ်ချောင်းကစားနေတဲ့ အာဂျင်တို့က ၉ ကြိမ်ကန်သွင်းရာမှာ ၇ ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီး ၃ ဂိုးရသွားတာက ဒီနေ့ပွဲရဲ့ အဖြေပါပဲ။