October 20, 2024

၁၅.၄.၂၀၂၄
Written By Thandar

ပရဟိတဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားဝေဠုကျော်ရဲ့ မိခင်က ယနေ့ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မနက်မှာ သည်းခြေအိတ်လမ်း ကြောင်းမှာ‌ကျောက်ရှိတာကြောင့် မှန်ပြောင်းကြည့်ရှုစစ်ဆေးနေတယ်လို့ သိရပါတယ်။

“မေမေက အရင်ညပိုင်းတွေ ဖျားတာတွေရှိတော့ အစားအိတ်ဖြစ်တယ်လို့ပဲ ‌အဖေကထင်ခဲ့တာပါ။ တကယ်တော့ အစာအိတ်ကြောင့် မဟုတ်ဘဲ ဆေးရုံတင်လိုက်တော့ သည်းခြေအိတ်ဖြစ်တာလို့ သိရတယ်။ အဖေကဆေးရုံတင်လိုက်တဲ့နေ့က အကိုတို့ပြင်ဦးလွင်ရောက်နေရာကနေ ချက်ချင်းပြန်ဆင်းလာခဲ့တာပါ။ ဒီနေ့ အကြတ်နေ့မှာတော့ မေမေရဲ့သည်းခြေအိတ်ကိုမှန်ပြောင်းကြည့်ရှုစစ်ဆေးနေပါတယ်” လို့ သရုပ်ဆောင် ဝေဠုကျော်က မိခင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေသိအောင်ပြောပါတယ်။

သူ့ရဲ့ မိခင်ဟာ ဧပြီ ၁၁ ရက် ညပိုင်းက ဆေးရုံတင်လိုက်ရတာဖြစ်ပြီးတော့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာတော့ ဆေးရုံတက်ပြီး ဆေးကုသမှု့ခံယူနေရတဲ့ မိခင်ကို ဝေဠုကျော်တို့ ဇနီးမောင်နှံတို့က ‌သင်္ကြန်ကာလမို့အတာရေနဲ့ပက်ဖြန်းကန်တော့ခဲ့ကြပါတယ်။ လက်ရှိ မိခင်ဖြစ်သူကို ဇနီးဖြစ်သူ ရေကြည်ချမ်းမြနဲ့အတူ ပြုစုစောင့်ရှောက်နေတာလည်းဖြစ်ပါတယ်။

“သည်းခြေအိတ်လမ်းကြောင်းမှာ အဆင်ပြေရင် လမ်းကြောင်းမှာပိတ်နေတဲ့ ကျောက်ကိုပါ တစ်ခါထည်းထုတ်ပါ့မယ်တဲ့။ နာရီဝက် တစ်နာရီပဲ ကြာမယ်လို့ပြောပါတယ်။ Error ဖြစ်တဲ့လူ ရှားပါတယ်တဲ့။ ရှိတော့ရှိတတ်တယ်။ အယောက် ၁၀၀၀ မှာ ၁ ယောက်လောက်ပါတဲ့။ အဲ့ဒါလည်းလူနာရဲ့ ဖြစ်နေတဲ့အ‌နေထားပေါ်မှာမူတည်တာပါတဲ့။ ဘာပဲဖြစ်ဖြစ်လေ မေ့ဆေးပေးရမှာရယ် ကုသမှုခံရမှာရယ်အတွက် မေမေရော ကိုယ်တွေပါ စိတ်ပူရတာပါ။ မေမေ့ကိုအားပေး ဆုတောင်း‌ရင်း ဆရာဝန်ကြီးတွေရဲ့ ကုသမှု့အောင်မြင်ပါစေ … မေမေကံကောင်းပါစေ …ခန္ဓာရှိရင် ဝေဒနာဆိုတာ ရှိလာမှာဘဲလေ”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *