October 20, 2024

၁၄.၄ .၂၀၂၄
Written By Thandar

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရဲ့ဖခင် ဦးဝင်းသိန်းနိုင်ကတော့ အသက် ၅၉ နှစ်အရွယ် ဒီကနေ့ နံနက် ၉ နာရီကျော်မှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

သူမရဲ့ ဖခင်ဟာ သင်္ကြန်အကျနေ့မှာ ကွယ်လွန်သွားတဲ့အတွက် ယနေ့ နေ့ချင်းပဲ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်လိုက်တာဖြစ်ပါတယ်။ အဆိုပါ နာရေးကိုတော့ ညီအစ်မဝမ်းကွဲတော်စပ်သူ အကယ်ဒမီ ဖွေးဖွေးတို့ မိသားစု၊ ဆွေမျိုးတော်စပ်သူတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ ၊ အနုပညာအသိုင်းအဝိုင်းတချို့ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

ဦးဝင်းသိန်းနိုင်ဟာ ဘုရား ၊ သိမ် ၊ ကျောင်း ၊ ရဟန်း ဒါယကာကြီးဖြစ်သလို မင်းသမီး ဝတ်မှုန်ရွှေရည်ကလည်း ဖခင်ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ်တွေနဲ့ ပတ်သက်ပြီး တစ်ခုချင်းဆီ ရွတ်ဖတ် ကုသိုလ်ပြုအမျှအတန်း ပေး ဝေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *