October 20, 2024

၁၄ .၄ . ၂၀၂၄
Written by MMAK

◾လီဗာပူး Vs ခရစ္စတယ်ပဲလေ့စ်

အိမ်ကွင်းအန်းဖီးမှာ အတ္တလန်တာကို ဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ လီဗာပူး ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်ထက် ဒီပွဲကို ပိုပြီးတော့ အာရုံစိုက်ကစားလာဖို့ရှိပါတယ်။ အန်းဖီးကွင်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရမဲ့ ပွဲဖြစ်သလို ပရီးမီးယားလိဂ် ဖလားလမ်းကြောင်းပေါ်မှာ ဆက်ရှိနေရေးနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်အတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမဲ့ ပွဲစဉ်ဖြစ်ပါတယ်။
ပဲလေ့စ်အနေနဲ့က ဖိအားသိပ်မရှိတဲ့အတွက် အသင်းကြီးတွေနဲ့တွေ့ရင် ပိတ်ကစားမယ်။ အဖွင့်ဂိုးပေးရရင် ပြန်လိုက်ကစားမယ်။ သူတို့ချေပဂိုးရရင်ရ မရရင် တစ်ဖက်အသင်းဂိုးသွင်းတာ ထပ်ခံမယ် ဆိုတဲ့ အသင်းမျိုးပါ။ လီဗာပူးက ဦးဆောင်ဂိုး စောစောစီးစီးရခဲ့ရင် တိုက်စစ်ကစားသမားတွေ အဆုံးသတ် သေချာမယ်ဆိုရင် လီဗာပူးရဲ့ အနိုင်ရလဒ်က ပြတ်သွားနိုင်ပါတယ်။ အိမ်ရှင်လီဗာပူးအသင်းက ဘော်ဒီကြေး နှစ်လုံးသရေ ပေးထားသလို လီဗာပူးအသင်းကိုပဲ ရွေးချယ်ရဦးမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်း တစ်ဂိုးအသာလောက်နဲ့ ရပ်တန့်မှာ မဟုတ်သလို အနိမ့်ဆုံး နှစ်ဂိုးအသာလောက်ကနေ စကြည့်ရမယ်ထင်ပါတယ်။ အိမ်ကွင်းအန်းဖီးမှာ ကြိုးကြာနီတွေရဲ့ သွင်းဂိုးတွေကို အတူတူထိုင်ကြည့်ရမဲ့ပွဲပါ။

◾ဝက်စ်ဟမ်း Vs ဖူဟမ်

လန်ဒန်ဒါဘီပွဲစဉ် ဖြစ်တာကြောင့် ပထမအကျော့ကလို ပြိုင်ဆိုင်မှု ပြင်းထန်စွာနဲ့ သွင်းဂိုးတွေ အများကြီး မြင်ရဦးမလား စောင့်ကြည့်ရဦးမဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ယူရိုပါလိဂ်ပွဲစဉ်အဖြစ် လေဗာကူဆင်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကစားခဲ့ရတာကြောင့် ပွဲပန်းမှုဒဏ်ကို အနည်းနဲ့အများ ခံစားရနိုင်ပေမဲ့ ဖူဟမ်အသင်းကတော့ နားရက်အပြည့်အဝ ရထားပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက ပြားနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စားဖြစ်ပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်သလို ပထမအကျော့ ဖူဟမ်အသင်းရဲ့ အိမ်ကွင်းမှာ ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်း အခုအိမ်ကွင်းပွဲမှာ အနိုင်ရလဒ်အတွက် ဦးတည်ကစားလာနိုင်ပါတယ်။ ဖိအားမရှိတဲ့ ဖူဟမ်အသင်းကလည်း တိုက်စစ်နဲ့သာ တုံ့ပြန်လာဖို့ရှိတဲ့အတွက် ဒီပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ ပွဲစဉ်ဖြစ်သလို သရေရလဒ်နဲ့ ကျေနပ်ပြီး ထိန်းကစားကြမဲ့ နှစ်သင်းမဟုတ်ပါဘူး။ တစ်သင်းသင်းအနိုင်ရအောင် အဖြေပေါ်အောင်ကန်ကြမဲ့ပွဲမှာ ဂိုးပေါ်ကိုပဲ ရွေးချယ်စေချင်ပါတယ်။

◾အာဆင်နယ် Vs အက်စတွန်ဗီလာ

အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းပေါ်မှာ ဆက်ရှိနေဖို့နဲ့ ချန်ပီယံလိဂ်ဒုကျော့ ကွာတားဖိုင်နယ်ပွဲစဉ် ရှိနေသလို အက်စတွန်ဗီလာအသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အမှတ်လိုအပ်ချက် ရှိနေတာဖြစ်ပြီး ကွန်းဖရင့်လိဂ် ဒုကျော့ ပွဲစဉ်လည်းရှိနေတာ ဖြစ်ပါတယ်။ နှစ်သင်းလုံးအတွက် ပွဲစဉ်တွေဟာ အရေးကြီးနေတာ ဖြစ်တဲ့အတွက် ပွဲကိုထိန်းကစားကြမယ် ထင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲမှာ နှစ်ဂိုးသာ ပေးထားရတာ ဖြစ်သလို အဝေးကွင်းဗီလာအသင်းအနေနဲ့က အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ တိုက်စစ်အပြိုင်ဖွင့်ကစားလာမယ် မထင်ပါဘူး။ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေး နှစ်လုံးရှစ်ဆယ်စားပေါက်ကြေး အနေအထားမှာ ဂိုးပေါင်းကြေးက သုံးလုံးခုနှစ်ဆယ်ရှုံးလောက်ထိ ပေါက်သင့်တာ ဖြစ်ပေမဲ့ ဒီပွဲမှာ သုံးလုံးသုံးဆယ်ရှုံးသာပေးထားတာ တွေ့ရပါတယ်။ ဒီပွဲကို ထိန်းကစားကြမဲ့ပွဲလို့ ယူဆထားသလို အာဆင်နယ်အသင်းကပ်နိုင်တာမျိုးဖြစ်ဖြစ် နှစ်ဂိုးအသာလောက်နဲ့ နိုင်သွားတာမျိုးဖြစ်ဖြစ် နှစ်ဂိုးတစ်ဂိုးလောက်နဲ့ ပွဲပြီးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီပွဲမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားမယ် မထင်ပါဘူး။ အလွန်ဆုံးရောက်ရင်သုံးဂိုးလောက်သာ ဖြစ်နိုင်လို့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

◾အင်တာမီလန် Vs ကက်ကလီယာရီ

စီရီးအေမှာ အင်တာမီလန်အသင်း ဖလားရဖို့ သေချာသွားပြီ ဖြစ်တဲ့အတွက် အနိုင်ရဖို့ ထိန်းကစားတာမျိုးတွေ့ရသလို ကြေးတွေအောင်ဖို့ ဇွတ်လိုက်ကန်နေတာမျိုး မတွေ့ရတော့ပါဘူး။ ဒီပွဲမှာ အိမ်ရှင်အင်တာမီလန်အသင်းက ဘော်ဒီကြေး နှစ်လုံးသရေပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်ရှုံး​ပေးထားပါတယ်။ ဘော်ဒီကြေး နှစ်လုံးသရေကြေးတန်းမှာဆို ဂိုးပေါင်းကြေးက လေးလုံးစားလောက်ထိပေးသင့်တာ ဖြစ်ပေမဲ့ ဒီဂိုးပေါင်းကြေးအရ ကက်ကလီယာရီအသင်း ဂိုးရဖို့ မလွယ်ကူဘူးလို့ ယူဆလို့ရပါတယ်။ အဝေးကွင်းကက်ကလီယာရီအသင်းကလည်း တန်းဆင်းဇုန်နဲ့ မလွတ်သေးတဲ့ အခြေအနေမှာ အင်တာမီလန်အသင်းကို ပိတ်ကစားပြီး တစ်မှတ်ရရင်ကို တန်ကြေးရှိနေတာ ဖြစ်ပါတယ်။ ကက်ကလီယာရီအသင်းအနေနဲ့ကလည်း အင်တာမီလန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ကစားနိုင်ဖို့မလွယ်သလို တစ်ဂိုးရဖို့ကို အသည်းအသန်ကြိုးစာရမှာ ဖြစ်ပါတယ်။ ပေါက်ကြေးအရဆိုရင် ကက်ကလီယာရီအသင်း ဂိုးရဖို့မရှိဘဲ အင်တာမီလန်အသင်းက တစ်ဂိုးအသာ နှစ်ဂိုးအသာနဲ့ နိုင်သွားမယ်ဆိုတဲ့ ပေါက်ကြေးဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်မှူး မာတီနက်မပါနိုင်တာဟာ အင်တာမီလန်အသင်း ဂိုးရဖို့ခက်ခဲနိုင်ပါတယ်။ ဒီပွဲဟာ အင်တာမီလန်အသင်းရဲ့ တစ်ဖက်တည်းသွင်းဂိုးကိုဘဲ မြင်ရမှာ ဖြစ်သလို ခံစစ်ပိတ်ကစားလာမဲ့ ကက်ကလီယာရီအသင်းကြောင့် အင်တာမီလန်အသင်းလဲ ဂိုးတွေအများကြီးရဖို့ မလွယ်ပါဘူး ။ သုံးဂိုးလောက်ထိတောင် မြင်ရဖို့ မလွယ်သလို တစ်ဂိုးဇီရိုး နှစ်ဂိုးဇီရိုးလောက်နဲ့ ပွဲပြီးသွားဖို့များပါတယ်။ ဂိုးအောက်ကိုအပိုင် ရွေးပါ။

◾ဆိုစီဒက် Vs အယ်မီးရီးယား

အခုအပတ်လာလီဂါပွဲစဉ်တွေမှာ ဆိုစီဒက်အသင်းရဲ့
တစ်လုံးအပြည့်ရှုံးပေါက်ကြေးက အပြင်းဆုံးဖြစ်နေသလို နောက်ဆုံးသုံးပွဲဆက် ကြေးအောင်ထားပါတယ် ။ တန်းဆင်းရဖို့သေချာနေသလို ဇယားအောက်ဆုံးက အယ်မီးရီးယားနဲ့ ပွဲစဉ်မှာ ထိုးသားအများစု ဆိုစီဒက်အသင်းကို ရွေးချယ်လာကြမှာ သေချာပါတယ်။ ဆိုစီဒက်အသင်းက သူ့အထက်က ဘီဘာအိုအသင်းကို အမှီလိုက်ဖို့ ကြိုးစားမှာ ဖြစ်ပေမဲ့ ထိုးသားအများစု တစ်ခြမ်းစောင်းလာမဲ့ ဒီပွဲမှာ ဆိုစီဒက်ဘော်ဒီနဲ့ ဂိုးပေါ်နှစ်ခုလုံးကို ပေးကျွေးလိုက်မယ်လို့ မထင်ပါဘူး ။ ဆိုစီဒက်အသင်းက ဘောလုံးကိုင်ကစားတတ်တဲ့အသင်းဖြစ်လို့ အယ်မီးရီးယားအသင်း ခံစစ်ပိတ်ကစားလာမှာ သေချာပါတယ်။ ခံစစ်ပိတ်ကစားလာမဲ့ အယ်မီးရီးယားအသင်းကြောင့် ဆိုစီဒက်အသင်း ဂိုးရနောက်ကျနိုင်သလို အယ်မီးရီးယားအသင်းအနေနဲ့က ဂိုးရဖို့မလွယ်ကူပါဘူး။ ဆိုစီဒက်အသင်းဘော်ဒီကြေး တစ်လုံးအပြည့်ရှုံး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားပေါက်ကြေးမှာ ဘော်ဒီပေး ဂိုးပေါင်းထိန်းမဲ့အကွက်ကို ရွေးချယ်ချင်တာကြောင့် အယ်မီးရီးယားအသင်းကို ဂိုးမပေးချင်ပါဘူး။ အိမ်ရှင်ဆိုစီဒက်အသင်းက ကပ်အနိုင်ရသွားမျိုး နှစ်ဂိုးပြတ်အနိုင်ရသွားတာမျိုး ယူဆထားလို့ ဒီပွဲမှာ ဂိုးပေါင်းအောက်ကို ရွေးချယ်ပေးချင်ပါတယ်။ လေးဂိုးလောက်ထိ မြင်ရဖို့မရှိဘဲ အလွန်ဆုံးသုံးဂိုးလောက်သာ ဖြစ်နိုင်ပါတယ်။

◾ဒမ်းစတက် Vs ဖရိုင်းဘတ်

ဒမ်းစတက်အသင်း တန်းဆင်းရဖို့သေချာသလောက်ရှိနေပြီဖြစ်ပေမဲ့ အမှတ်ရဖို့အတွက် တိုက်စစ်ဖွင့်ကစားပြီး ခံစစ်က ပေးဂိုးတွေအများအပြားပြန်ပေးနေရပါတယ်။ ပြီးခဲ့အပတ် မိန့်စ်နဲ့ပွဲစဉ်မှာဆို ဟိုမရောက် ဒီမရောက်ကစားကွက်နဲ့ တိုက်စစ်ကစားမှာလိုလို ခံစစ်ကစားမှာလိုလို ဦးတည်ရာမဲ့နေခဲ့ပြီး ဂိုးပြတ်ရှုံးသွားခဲ့ပါတယ်။ ဖရိုင်းဘတ်အသင်းက အထာနပ်တဲ့အသင်းမျိုးဖြစ်ပြီး ဒမ်းစတက်အသင်းရဲ့ အမှားတွေကို ကောင်းကောင်းအသုံးချသွားပါလိမ့်မယ်။ ဘောလုံးကိုင်ပြီး တိုက်စစ်ကစားချင်တဲ့ ဒမ်းစတက်အသင်းကို ဘောလုံးပေးထားပြီး အထာနပ်နပ် အနိုင်ယူပြပါလိမ့်မယ်။ ဖရိုင်းဘတ်အသင်း ဥရောပဝင်ခွင့်ရဖို့ ကြိုးစားခွင့်ရှိနေသေးတာ ဖြစ်တဲ့အတွက် ဒီပွဲကို အနိုင်ရဖို့ ကြိုးစားလာမှာ သေချာသလို ဘော်ဒီကြေး တစ်လုံး ရှစ်ဆယ်စားပေါက်ကြေးမှာ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေးထားပါတယ်။ ဂိုးပေါင်းကြေးအရ အဝေးကွင်းဖရိုင်းဘတ်အသင်း ဂိုးရဖို့ သေချာနေသလို ဖရိုင်းဘတ်အသင်းရဲ့ တစ်လုံးရှစ်ဆယ်စား ဆိုတဲ့ ဘော်ဒီ
လှန့်ကြေးကို ကြောက်ဖို့မလိုပါဘူး။ ဖရိုင်းဘတ်အသင်း အနိမ့်ဆုံး  တစ်ဂိုးအသာလောက်နဲ့ နိုင်သွားပါလိမ့်မယ်။ ဖရိုင်းဘတ် ဘော်ဒီအပြင် ဂိုးပေါင်းလေးပါတွဲပြီး စုံပေါ်ကစားလိုက်ပါ။ တစ်ဂိုး နှစ်ဂိုး ဖြစ်ဖြစ် တစ်ဂိုး သုံးဂိုးဖြစ်ဖြစ် ဖရိုင်းဘတ်အသင်း အနိုင်ရသွားမှာ မြင်ယောင်နေလို့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *