October 20, 2024

၁၄.၄.၂၀၂၄
Written By Thandar

တစ်ချိန်က Free Style Rap စာသားတွေသီဆိုမှုကြောင့် နာမည်ကြီးခဲ့တဲ့ A4 ကျော်စွာက ဒီနေ့ ဧပြီ ၁၄ ရက် နံနက် ၆ နာရီခွဲက ကွယ်လွန်သွားပါတယ်။

“ညီလေး ကျော်စွာရေ ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူပါ. .. တတ်နိုင်သလောက် နောက်ဆုံးအချိန်ထိ လုပ်နိုင်တာ လုပ်ပေးခဲ့တာပဲ. .. .ဘယ်တတ်နိုင်မလဲ နော် ယနေ့မနက် ၆ နာရီခွဲက A4 ကျော်စွာ လောကကြီးကို အပြီးတိုင်နှုတ်ဆက်သွားပါပြီတဲ့ဗျာ ” လို့ အဆိုတော်သရုပ်ဆောင်ယုန်လေးက နှုတ်ဆက်စကားဆိုပါတယ်။

သူကတော့ အဆုတ်တွေ အသည်းတွေ မကောင်းဖြစ်နေသလို ချောင်းတွေ အရမ်းဆိုးပြီး ကျန်းမာရေးမကောင်းဖြစ်နေတာ ၂၀၂၁ ခုနှစ်ကတည်း ဝေဒနာခံစားခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ A4 ကျော်စွာရဲ့ ရက်လည်နာရေး အခြေအနေကိုတော့ အတိအကျမသိသေးပါဘူး။ (Photo – Yone Lay)

Leave a Reply

Your email address will not be published. Required fields are marked *