October 20, 2024

၁၄. ၄. ၂၀၂၄
Written by Ye Kyaw

ဖျော်ဖြေရေးနဲ့ ရေကစားမဏ္ဍပ်တွေ ရပ်နားထားချိန် ပြည်သူရင်ပြင်မှာ အများသူငါတွေ အနားယူနေကြပြီး ရွှေတိဂုံဘုရားကြီးကို နောက်ခံထား အလှဓာတ်ပုံတွေ ရိုက်နေကြတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ပြည်သူရင်ပြင် လမ်းလျှောက်သင်္ကြန်၊‌ ဖျော်ဖြေရေးနဲ့ ရေကစားမဏ္ဍပ်တွေမှာ ကစားကြပြီး နားနေချိန် အလှဓာတ်ပုံ ရိုက်ကူးခြင်းနဲ့ အလှပြင်ဆင်နိုင်ဖို့အတွက် အလှကြည့်မှန်တွေကို ဒီဇိုင်းမျိုးစုံနဲ့ စီစဉ်ပေးထားတာကိုလည်း ကြည့်ရှုရိုက်ကူးနေတာမြင်ရပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ပျောက်ပျက်မသွားအောင် စီစဉ်ကျင်းပနေတဲ့ ဒီလိုအချိန်မှာ ထိုင်းနိုင်ငံသင်္ကြန်မှာ သွားပျော်နေပြီး အလှပုံတွေ ပျော်ပျော်ကြီးတင်နေတဲ့ ပြည်ပရောက်လူတစ်စုကပဲ မြန်မာ့ရိုးရာသင်္ကြန်ပွဲတွေကို ဗုံးခွဲနေတာမို့ ပြည်တွင်းရှိ မိဘပြည်သူတွေက သင်္ကြန်ကစားရတာကို စိုးရိမ်စိတ်တွေ ကြိးစိုးပြီး မြန်မာ့ရိုးရာသင်္ကြန်ဟာ ပျောက်ကွယ်သွားမလားဆိုတာလည်း စိုးရိမ်နေရတဲ့အခြေအနေကြားမှာ ရိုးရာသင်္ကြန်ကိုထိန်းသိမ်းချင်တဲ့လူငယ်တွေက အန္တရာယ်ကြားက ရေကစားနေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *