၁၄.၄.၂၀၂၄
Written by TZ
ဒီနေ့သင်္ကြန်အကျနေ့ နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ ကိုရီးယား K-Pop အဆိုတော်အဖွဲ့က သီဆိုကပြဖျော်ဖြေခဲ့ပြီး ဝင်ကြေးအဖြစ်တစ်ဦးကို ၃၀၀၀ ကျပ်ကောက်ခံခဲ့ပါတယ်။
ကိုရီးယား K-Pop အဆိုတော်အဖွဲ့က သီချင်းသီဆိုမှု၊ DJ ဖျော်ဖြေမှုအပြင် အကအလှတွေနဲ့ပါ ဖျော်ဖြေတင်ဆက်ခဲ့ပြီး “မြန်မာပြည်ကို ချစ်တယ်” လို့လည်း ဟစ်ကြွေးခဲ့ပါတယ်။
ဒီနေ့ နေပြည်တော်လမ်းလျှောက်သင်္ကြန်အကျနေ့ဟာသင်္ကြန်အကြိုနေ့ထက် ရေလာရောက်ကစားသူ ပိုမိုများပြားခဲ့ပါတယ်။