November 1, 2024

၁၄ . ၄ . ၂၀၂၄
Photo by Ye Kyaw

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော်အဖြစ် ကျင်းပနေသည့် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များသို့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့သည်။

ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များအပြင် ရေမြှုပ်သင်္ကြန်နှင့် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းထားခြင်းတို့ကြောင့် စတင်ဖွင့်လှစ်သည် သင်္ကြန် အကြိုနေ့၌ပင် စည်ကားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် သင်္ကြန် ကာလအတွင်း မနက် ၆ နာရီ မှ ည‌နေ ၆ နာရီအထိ လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များကို ည ၉ အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *