October 23, 2024

၁၃. ၁၂. ၂၀၂၂
Written By Myo Khine

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်း(အောက်ဘလောက်)ရှိ တိုက်ခန်းအတွင်း ဓားဒဏ်ရာဖြင့် သေဆုံးနေသူ၏ အမှုကို စစ်ဆေးမှုပြုလုပ်နေဆဲဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူက MT News သို့ ပြောသည်။

သေဆုံးသူမှာ အသက် ၅၇ နှစ်အရွယ် ဦးတင်ထွန်း(ခ)လာလူးဆိုသူ ဖြစ်ပြီး ယင်းမှာ လူပျိုကြီးဖြစ်ကာ တိုက်ခန်း၌ တစ်ဦးတည်းနေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“အမှုအနေအထားကို အခု စစ်ဆေးတုန်းပဲ။ သူက တစ်ယောက်တည်းနေပေမဲ့ သူ့အမျိုးတွေရှိတယ်။ အဲဒီနေ့က သူ့တူက ဖုန်းဆက်တော့ မရလို့ အလုပ်သမားတစ်ယောက်ကို သွားခိုင်းတော့မှ သေနေတာကိုတွေ့တာ။ သူတစ်ယောက်တည်းနေတာဆိုတော့ ဘာပစ္စည်းတွေ ဘယ်လိုပါသွားလဲဆိုတာကို ပြောမယ့်သူလည်းမရှိ ဖြစ်နေတယ်။ ဘာပစ္စည်း ပျောက်သွားလဲဆိုတာလည်း မသိရသေးဘူး။ သူက အသက် ၅၇ နှစ်။ လူပျိုကြီးပဲ။ လောလောဆယ် ကောက်ချက်ချလို့မရဘူး။ သူက အစ္စလာမ်ဘာသာဝင်တစ်ယောက်ပဲ။ နာမည်က ဦးတင်ထွန်း(ခ)လာလူး။ အခုက ရင်ခွဲစစ်ဆေးမှုတွေ လုပ်နေတုန်းပဲ ရှိသေးတယ်။ အဲဒါပြီးမှ မိသားစုက နာရေးလုပ်ရမှာပေါ့”ဟု ယင်းက ဆိုသည်။

ဦးတင်ထွန်း (ခ) လာလူး ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် တွေ့ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် မှုခင်းစစ်ဆေးမှုများပြုလုပ်နေရဆဲ ဖြစ်၍ နာရေး မပြုလုပ်ရသေးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *