၁၄ . ၄ . ၂၀၂၄
Photo by Ye Kyaw
ဧပြီ ၁၄ ရက် မဟာသင်္ကြန် အကျနေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ဝန်ကြီးဌာနလက်အောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများ၊ မြို့နယ်အသီသီးမှ အထွေထွေအုပ်ချုပ်ရေးရုံးများ၏ ယိမ်းအကများ ပါဝင်ဆင်နွှဲနေကြသည်။
ယိမ်းအကအဖွဲ့များနှင့်အတူ ရေကစားမဏ္ဍပ်၊ ရေပက်ခံကားများဖြင့် သင်္ကြန်အကျနေ့ နံနက် ၇ နာရီခွဲခန့်ကတည်း စတင်စည်ကားခဲ့ခြင်းဖြစ်သည်။ လမ်းလျှောက်သင်္ကြန်တွင်လည်း အုန်းလက်ဦးထုပ်များ၊ ရေပြွတ်များ ရောင်းချပေးနေသလို စားသောက်ဆိုင်များဖြင့် စည်ကားလျက်ရှိသည်။