November 1, 2024

MT News
၁၄. ၄. ၂၀၂၄

AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းက ဘင်္ဂါလီကျေးရွာတွေ အတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံးပြီး ဘာသာရေးအဆောက်အဦတွေ၊ လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ မီးလောင်ပျက်စီးမှုဖြစ်ပွားနေတာကြောင့် ကျေးရွာသူ၊ ကျေးရွာသားတွေ ၃၀၀၀ ခန့်က ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ AA လက်နက်ကိုင်အဖွဲဲ့ဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ဘင်္ဂါလီကျေးရွာတွေဖြစ်တဲ့ ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနဲ့ ဦးလှဖေကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦတွေနဲ့ လူနေအိမ်တွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတာပါ။

ဖြစ်စဉ်က AA လက်နက်ကိုင်တွေဟာ ဧပြီလ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်မှာ ဘင်္ဂါလီတို့ရဲ့ ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနဲ့ ဦးလှဖေကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျေးရွာထဲလက်နက်ကြီးဗုံးသီး ၁၅ လုံးထက် မနည်းကျရောက် ပေါက်ကွဲခဲ့သလို AA လက်နက်ကိုင် အင်အား ၁၀၀ ကျော်ခန့်ကလည်း ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခဲ့မှု ကြောင့် ဘာသာရေးအဆောက်အဦတွေ၊ လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရသလို AA အဖွဲ့က ဘင်္ဂါလီကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အဆိုပါကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း ၃၀၀၀ ကျော်ခန့်ဟာ နေထိုင်ရာ ကျေးရွာတွေကို စွန့်ခွာပြီး ဘူးသီးတောင်မြို့ဘက် ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ရခိုင်ပြည်နယ်ကောင်းစားရေးဆိုပြီးလုပ်နေပေမဲ့ AA ရဲ့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှုကြောင့် ရခိုင်မြို့တော်တော်များများနဲ့ ရွာတွေပျက်စီးကုန်တဲ့အပြင် ရခိုင်နဲ့ ဘင်္ဂါလီဒေသခံတွေ စစ်ဘေးရှောင်ရင်း ဒုက္ခရောက်နေတာကြောင့် ဒီလုပ်ရပ်တွေက ရှုတ်ချခံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *