October 23, 2024

၁၃. ၁၂. ၂၀၂၂
Written by Ye Kyaw

၂၀၂၃ ခုနှစ်ကို ယှဥ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မည့်နှစ်အဖြစ် သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး‌အောင်နိုင်ဦးက ပြောကြားသည်။

“၂၀၂၃ ခုနှစ်ကို ယှဥ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မယ့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယှဥ်ပြိုင်မှုဥပဒေကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသာမက အစိုးရဌာအဖွဲအစည်းများမှ ပုဂ္ဂိုလ်များပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားစေရေးအတွက် ယှဥ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း အစီအစဥ်များကို ချမှတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၆ (ခ) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လက်ဝါးကြီး အုပ်မှု၊ စျေးကစားမှုပြုခြင်းကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာစေခြင်းကို ကာကွယ်ပေးမည့် ဥပဒေတစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် ယှဥ်ပြိုင်မှုဥပဒေပါ ယှဥ်ပြိုင်မှုကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် နည်းလမ်းများချမှတ်ရေးနှင့် ယှဥ်ပြိုင်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *