October 23, 2024

၁၃. ၁၂. ၂၀၂၂
Written by Min Mahar

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲအုပ်နဲ့ ရဲတပ်သား နှစ်ဦးကို S.O.F အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီ ၂၀ မိနစ်အချိန် မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့နယ်၊ ဖလပ်ကျေးရွာအနီးရှိ လမ်းမပေါ်မှာ ဇင်းကျိုက်မြို့ နယ်မြေရဲစခန်းက နယ်ထိန်း ရဲအုပ်မောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်း နှစ်ဦးကို နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ S.O.F က လုပ်ကြံတဲ့ ရုပ်သံဖိုင်မှာ ဆိုင်ကယ်တစ်စီးပေါ် အရပ်ဝတ်နဲ့ အမျိုးသားနှစ်ဦး ရှေ့က မောင်းနှင်သွားချိန် S.O.F အဖွဲဝင်နှစ်ဦးကလည်း ဆိုင်ကယ်တစ်စီးနဲ့ အနောက်ကနေကပ်လိုက်ပြီး အနောက်ကလိုက်ပါလာတဲ့သူက အလစ်အငိုက်မှာ အနီးကပ်ပစ်ခတ်သတ်ဖြတ်ကာ နှုတ်ကလည်းဆဲဆိုသွားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *