November 1, 2024

၁၃.၄.၂၀၂၄
Written by TZ

မကွေးတိုင်းပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်အဆိပ်တက်၍ မိခင်နှင့်ကလေးဖြစ်သူတို့ သေဆုံးမှု ယနေ့ ဧပြီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ရုပ်အလောင်းများကို နေရပ်သို့ပြန်သယ်ပေးရန် ကူညီပေးခဲ့သည့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ဆေးရုံတက်တာ နောက်ကျလို့ကြားတယ်။ ကလေးအမေက အသက် ၂၃။ ကိုယ်ဝန်အဆိပ်တက်ပြီး သေသွားတယ်။ ဗိုက်ထဲက ကလေးကိုလည်း အသက်ရှင်မလားလို့ လုပ်တာ ကလေးကလည်း အသက်မရှင်တော့ဘူး။ ကလေးက တော်တော်လေးကြီးတယ်” ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သေဆုံးသွားတဲ့ မိခင်နဲ့ မွေးကင်းစမိန်းကလေးငယ်တို့ကိုနေထိုင်တဲ့ နတ်မောက်မြို့၊ ပိတောက်ကုန်းကျေးရွာအထိပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *