October 23, 2024

၁၃. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ကာတာနိုင်ငံ၌ လက်ရှိကျင်းပနေသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကျင်းပခွင့်ရရှိစေရန်အတွက် ခြစားမှုတွင် ငြိစွန်းနေမှုနှင့်ပတ်သက်ပြီး ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌနှင့် အခြားလေးဦးတို့ကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။

အခြားသောလေးဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့ပြီးနောက် ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဥရောပပါလီမန်၏ ဂရိနိုင်ငံအတွက် အဖွဲ့ဝင်ကိုယ်စားလှယ် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စက် အီဗာကေလီကိုပါ နာရီအနည်းငယ်အကြာတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အခြားလေးဦးမှာ အီတလီနိုင်ငံသားများ(သို့မဟုတ်) အီတလီနိုင်ငံမှ လာသူများ ဖြစ်ကြသည်။

ရဲတပ်ဖွဲ့က ကေလီ၏နေအိမ်တွင်လည်း ငွေထုတ်များတွေ့ရှိခဲ့ရကြောင်း ဒီဇင်ဘာ ၁၁ ရက် သတင်းများကဆိုသည်။ ဘယ်လ်ဂျီယံရှေ့နေများအသင်းကလည်း ဘရပ်ဆဲလ်မြို့တွင် နေရာ ၁၆ နေရာအား ရဲတပ်ဖွဲ့က ရှာဖွေမှု၌ ယူရိုငွေ ၆၀၀,၀၀၀ တွေ့ခဲ့ရကြောင်းလည်း အစောပိုင်းက ကြေညာခဲ့သည်။

Ref, AFP

Leave a Reply

Your email address will not be published. Required fields are marked *