October 23, 2024

ဆွဲကြိုးချသေဆုံးသူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ ဆောင်ရန် ပြင်ဆင်နေစဥ်(ဓာတ်ပုံ- မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်း)

၁၃. ၁၂. ၂၀၂၂
Written By Myo Khine

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ်၊ ကူးတို့ဆိပ်ရပ်ကွက် နေအိမ်တစ်ခုတွင် ကလေးငယ်သုံးဦး၏ ဖခင်၊ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှု ယနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်-လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။

သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ကိုဝင်းနိုင်ဦးဆိုသူ ဖြစ်ကြောင်းနှင့် ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ PR – 055 ဖြင့် လက်ခံထားကြောင်းလည်း သိရသည်။

“မြို့နယ်စခန်းက အကြောင်းကြားလို့ သွားကြတာ။ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ အသင်းအနေနဲ့ မသိရပါဘူး။ ဘာကြောင့် အခုလို ဖြစ်တယ်ဆိုတဲ့ အတွင်းရေးကိစ္စကို မမေးပါဘူး။ ပရဟိတ ဆိုတော့ အဲဒီလောက် မေးလို့ မရဘူး။ စခန်းက အကြောင်းကြားသလောက်ပေါ့။

သူ့မှာ မိသားစုရှိတယ်၊ ခလေးက သုံးယောက်၊ အကြီးဆုံးကလေးက ၁၀ နှစ်လောက်ပဲ ရှိအုံးမယ်။ ကိုယ်တွေက ပရဟိတဖြစ်တာကြောင့် ဘာမှ မမေးဘူး။ မြင်တာ လောက်ပဲ ပြောလို့ ရပါတယ်”ဟု လိုက်ပါ ကူညီဆောင်ရွက်ခဲ့သည့် မင်္ဂလာတောင်ညွန့်လူငယ်-လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *