October 23, 2024

ထိုင်းနိုင်ငံ၊ ဆီချွန်ခရိုင် ကျေးလက်လမ်းဘေး တစ်နေရာတွင်သေဆုံးနေသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းဆီသို့ ထိုင်းရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများရောက်ရှိလာကြစဉ်

MT News

Translated by Htwe Ko Tun

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးအား ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း သမ်မာရတ်ပြည်နယ်အတွင်းရှိ ဆီချွန်ခရိုင် ကျေးလက်လမ်းဘေးတစ်နေရာတွင်သေဆုံးလျက်တွေ့ရှိခဲ့ရပြီး ၎င်းမှာကျန်းမာရေးမကောင်းမှုကြောင့်သေဆုံးနေခြင်းဟု ယုံကြည်ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ရဲမှူးကြီးဗီရာယာက သေဆုံးနေသူမှာ အသက် ၅၆ နှစ်ရှိ မြန်မာအမျိုးသားတစ်ဦးဖြစ်ကြောင်းတွေ့ရှိရပြီး အမည်မှာ စိုးပိုင်ဟု စစ်ဆေးတွေ့ရှိရကာ စိုက်ပျိုးခင်းအလုပ်သမားတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။

၎င်း၏သူငယ်ချင်းများက သေဆုံးသူမှာ နေအိမ်မှ ဒီဇင်ဘာ ၁၁ ရက်ညတွင် ပျောက်ဆုံးသွားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် နံနက်တွင် Moo 8 ရွာ၏လမ်းဘေးတစ်နေရာ၌ သေဆုံးလျက်တွေ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ပြောခဲ့ကြသည်။

ဆရာဝန်၏စစ်ဆေးချက်အရလည်း သေဆုံးသူတွင် ထိခိုက်ဒဏ်ရာ(သို့မဟုတ်)အကြမ်းဖက်ခံရမှုဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ ဆရာဝန်က နာတာရှည်ရောဂါတစ်ခုကြောင့်သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

သေဆုံးသူ၏အလောင်းကို Tai Teck Tung ဖောင်ဒေးရှင်းတွင်ထားရှိပြီး ဈာပနထုံးတမ်းဓလေ့များအတွက် မိတ်ဆွေများ(သို့မဟုတ်)ဆွေမျိုးများရောက်ရှိအလာကိုစောင့်ဆိုင်းနေကြောင်း သိရသည်။

Ref, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *