October 23, 2024

MT News

Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ ယနေ့နံနက်ပိုင်းက လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၄)ရပ်ကွက်၊ အင်းဝလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF များ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဧည့်သည်နားနေဆောင်သို့ ရောက်ရှိနေသည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ်(၅၁၈) နေသူများဖြစ်သည့် ဦးဝင်းထက်ဦး (၄၃)နှစ် (ဘ) ဦးမောင်သော်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းတို့တွင် လည်းကောင်း၊ မခင်တွယ်တာဦး(၂၀)နှစ် (ဘ)ဦးထွန်းထွန်းဦး၏ ဝဲ/ယာခြေထောက်တို့တွင် လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

လက်လုပ်မိိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ တပ်မတော် ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *