October 23, 2024

MT News

Written by Naing Thuta

ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းက မန္တလေးတွင် မော်တော်ကားဖြင့်ဆေးခြောက်များလိုက်လံရောင်းချနေသူ ကျား/မ ၂ ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီခွဲခန့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၁၀၁(A)လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြားတွင် အသက် ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက်၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ လိုက်ပါစီးနှင်လာသော Toyota Mark II အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ရာ ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါအမျိုးသားနှင့်အမျိုးသမီးတို့ စီးလာသည့်ကား၏ နောက်ဖုံးတွင် ကားဘီးအပိုထည့်သည့် အံခွက်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော ဆေးခြောက်ဟု ယူဆရသည့် စိမ်းညိုရောင် အရိုး၊ အရွက်၊ အစေ့ရောရာ၊ အစို (၂ ဒသမ ၃) ကီလိုဂရမ်ပါ (၁)ထုပ်( ၂ ဒသမ ၃ ကီလိုဂရမ်)နှင့် (၁ ဒသမ ၈) ကီလိုဂရမ်ခန့်ပါ (၁)ထုပ်တို့အားလည်းကောင်း၊ ယာဉ်နောက်ခန်း အံဝှက် တူးဘောက်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော ဆေးခြောက်ဟုယူဆရသော စိမ်းညိုရောင် အရိုး၊ အရွက်၊ အစေ့ရောရာ၊ အစို (၂ ဒသမ ၃)ကီလို ဂရမ်ခန့်ပါ (၁)ထုပ် အားလည်းကောင်း (စုစုပေါင်းအလေးချိန် ၆.၄ ကီလိုဂရမ်၊ စုစုပေါင်းကာလတန်ဖိုး ၃၂၀၀၀၀ဝိ ကျပ်ခန့်)တွေ့ရှိကာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဆေးခြောက်များအား ရောင်းချရန်လက်ဝယ်ထားရှိသူ ၂ ဦးကို ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၁ နာရီခန့်တွင် အမှတ် (၁၁) နယ်မြေရဲစခန်း၏ မယ(ပ)၁၂/၂၀၂၂၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *