October 23, 2024

MT News

Written by Min Mahar

လူနေထိုင်ခြင်းမရှိသည့် စိုက်ပျိုးရေးဦးစီးဌာနပိုင်စိုက်ပျိုးရေး အသိပညာပေးခြံဝင်းအတွင်း၌ ဆောက် လုပ်ထားသည့် အဆောက်အဦအတွင်းရှိ ပစ္စည်းများ ဖျက်ဆီးခံရမှု စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၂၇ မိုင်ခန့်အကွာ၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာဝေးရပ်ကွက်၊ ကူကြီးကုန်းရပ်ရှိ လူနေထိုင်ခြင်းမရှိသည့် စိုက်ပျိုးရေးဦးစီးဌာနပိုင် စိုက်ပျိုးရေး အသိပညာပေးခြံဝင်းအတွင်း ဆောက်လုပ်ထားသော အလျား ပေ ၄၀၊ အနံ ၂၀ ပေရှိ မြေစိုက်၊ ထရံကာ၊ သွပ်မိုးအဆောက်အဦ၏ အကာအရံများ၊ မိုးရေချိန်တိုင်းတာရေးကိရိယာ၊ ရုံးသုံးဗီရို၊ ရုံးဆိုင်းဘုတ်၊ အိမ်သာ၊ ထိုင်ခုံတန်းလျားနှင့် မီတာဘောက်တို့အား PDF အဖွဲ့မှ ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နေ့လည်လောက်က အဲဒီမှာ အစောင့်အဖြစ်ထားတဲ့သူက လှမ်းဖုန်းဆက်လို့ သိရတာ။ စိုက်ပျိုးရေးအသိပညာပေးဖို့အတွက် ဆောက်လုပ်ထားတဲ့ အဆောက်အဦရဲ့ ထရံတွေနဲ့အတွင်းမှာရှိတဲ့ ပစ္စည်းကိရိယာတွေကို ရစရာမရှိအောင် လူငယ်တစ်စုက လာဖျက်ဆီးသွားတယ်လို့ပြောတယ်။ လုံခြုံရေးအခြေအနေအရ အခင်းဖြစ်ရာကိုမသွားနိုင်ကြသေးဘူး” ဟု အဆိုပါပုဂ္ဂိုလ်မှ MT News သို့ ပြောသည်။

ထိုသို့ ဖျက်ဆီးခံရမှုကြောင့် ဆုံးရှုံးမှုကာလတန်ဖိုးမှာ ၁,၉၅၅,၈၀၀ ကျပ်ခန့် ပျက်ဆီးဆုံးရှုံးသွားခဲ့ပြီး အခင်းဖြစ်နေရာကိိုမူ လုံခြုံရေးအခြေအနေအရ သက်ဆိုင်ရာအဖွဲ့များအနေဖြင့် သွားရောက် စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *