October 18, 2024

၁၃. ၁၂- ၂၀၂၂

Written By Naddy

မိခင်ဖြစ်သူမှ အိမ်ထောင်မကျသေးသော သမီးဖြစ်သူကို ကလေးတစ်ယောက်လို မြင်နေသည့်အတွက် တစ်ခါတလေ မိခင်မသိအောင်ဆိုးမိတာရှိ‌ကြောင်း သရုပ်ဆောင် ဆောင်းယွန်းစံ က ဖွင့်ဟလာသည်။

“ဆောင်းက အရင်တုန်းကတော့ နည်းနည်းဆိုးတယ် ဆိုတဲ့ အထဲမှာပါတယ်။ မေမေ မကြိုက်ဘူး ဆိုလည်း ဆောင်းက လုပ်ချင်ရာကို လုပ်တာ။ အခုနောက်ပိုင်းတော့ ဆောင်းက မေမေ မကြိုက်ဘူးဆိုတာ သိရင် မေမေကို မပြောတော့ဘူး။ ကိုယ်လုပ်ချင်တာလုပ်ပြီးမှဘဲ မေမေကို ပြောတော့တယ်။ ဥပမာ – မေမေ မီး ခရီး သွားမယ်ဆိုရင် မသွားရဘူး ဘာဖြစ်တယ် ပြောတော့တာလေ။ ဆောင်း ခရီးမသွားခင် ညီမလေးကိုပဲ ကြိုပြောလိုက်တယ်။ မေမေကို မပြောဘဲထွက်သွားတော့ သိပ်အဆူမခံရတော့ဘူး။ သွားလည်းသွားပြီးဆိုတော့လေ။ မေမေက ဆောင်းကို အိမ်‌ထောင်မကျသေးလို့လား မသိဘူး ကလေးတစ်ယောက်လိုပဲ မြင်နေတယ်။ဟို သွား မယ်ဆို လည်း စိတ်မချ ၊ အပြင်မှာ သူငယ်ချင်းတွေနဲ့ Bar လည်း မသွားရဘူး။ စိတ်မချဘူး ဖြစ်နေတယ်။ သွားရင်တော့ ခိုးသွားပြီးမှဘဲ ပြောဖြစ်တယ်။ ကြိုပြောရင် အဆူခံရတယ်။ ကြိုပြောရင် သူလည်း စိတ်ဆင်းရဲရတယ် ကိုယ်လည်း စိတ်ဆင်းရဲရလို့လေ”ဟု ၎င်းက‌ပြောသည်။

သူမသည် လက်ရှိတွင် အကယ်ဒမီ ခန့်စည်သူ တည်ထောင်ထားသော “မေတ္တာသင်္ဂဟ “အဖွဲ့ဖြင့် အနုပညာရှင်များ၊ ဓမ္မမိတ်ဆွေများ စုပေါင်းပြီး အလှူအတန်းများ လုပ်ဆောင်နေလျက်ရှိ‌ကြောင်း သိရသည်။ မိသားစုလူဦး‌ရေများသည့်အတွက် မိခင်ဖြစ်သူ စိတ်ချမ်းသာစေရန် မိသားစုအားလုံး စီးနင်းနိုင်သည့် အံ့ဇာတုံးကားကို လက်ဆောင်အဖြစ် ၀ယ်ပေးထားသူလည်းဖြစ်သည်။

“ကိုခန့် ဦးဆောင်မူနဲ့ ပြည်ဘက်က ကြို့ရသာရွာမှာ ခက်ခဲနေတဲ့သူတွေအတွက် သွားလှူဒါန်းဖြစ်ပါတယ်။ အိမ်ခြေ ၁၅၀ စာ စားသောက်တွေလှူဒါန်းဖြစ်တယ်။ ရန်ကုန် ဒဂုံမြို့သစ်၊ မင်္ဂလာရေကန်စံကျောင်းတိုက် လမ်းခင်းဖို့လည်း ဓမ္မမိတ်ဆွေတွေ ပေါင်းပြီးတော့ ဘိလပ်မြေအိတ်တွေ လှူဖြစ်ကြပါတယ်”ဟု ဆောင်းယွန်းစံက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *