October 20, 2024

၁၀. ၄. ၂၀၂၄
Written By Thandar

ပင်လယ်ကမ်းခြေရွာဓလေ့အခြေခံထားတဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ “ချစ်လို့ စတာပါ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့်နှစ်ဆန်းတစ်ရက်မှာ ပြသမယ့်အကြောင်း Premier Show ကို ဧပြီ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကိုယ့်ရဲ့ တစ်ရွာလုံးကို နောက်ပြောင်တတ်သူ ဇာတ်သဘင်အခြေခံထားတဲ့ကားလေးပါ။ ချစ်စရာလည်း ကောင်းတယ်။ ပျော်စရာလေးတွေ ဖန်တီးထားပါတယ်။ ကျွန်တော့်အနေနဲ့ နောက်ပြောင်တတ်တဲ့သူတွေရဲ့ အမှတ်တရလေးတွေကို ဖော်ညွှန်းထားတဲ့ ဇာတ်လေးပါ။ နောက်ပိုင်းမှာ အစအနောက်တွေကို ဘယ်လိုဖြစ်တတ်တယ်ဆိုတာကို ပညာလေးလည်းပေးထားတယ်။ ကိုယ့်အတွက် ဘာမှ မဟုတ်တဲ့အရာလေးတစ်ခုက မထင်မှတ်ထားတဲ့ အလွဲလွဲအချော်ချော်တွေဖြစ်တတ်တာကို ပြသထားပါတယ်”လို့ ဒါရိုက်တာခင်လှိုင်(ဉာဏ်ကြီးရှင်)က ပြောပါတယ်။

Triple Six ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒီဇာတ်ကားကို ဇာတ်လမ်း မောင်စိတ္တ၊ ဇာတ်ညွှန်းကို ချင်းတွင်းတာရာက ရေးသားပြီး ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)က ရိုက်ကူးမဲ့ ပင်လယ်ကမ်းခြေရွာဓလေ့ အခြေခံထားတဲ့ အချစ် ဒရာမာဇာတ်လမ်းလည်းဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ မြင့်မြတ်၊ နေရဲ၊ အိချောပို၊ ခင်လှိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ စိုးမိုးကြည်၊ ပွင့်နဒီမောင်၊ ရွှေပိုးအိမ်၊ အံ့မင်းညို၊ Kညီ၊ စိုးကြီး၊ ကျော်ဝင်းမောင်၊ စီစီ၊ Ok၊ ပိုင်ကျော်၊ ဓာတ်လင်း နဲ့အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။

“ချစ်လို့စတာပါ ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မြန်မာနှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *