October 23, 2024

ရန်ကုန်တိုင်းရှိစက်ရုံများစစ်ဆေးနေသော ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများကိုတွေ့ရစဥ်

၁၂. ၁၂. ၂၀၂၂
Written By Ye Kyaw

ပြည်တွင်းထုတ် အဝတ်အထည်များကို ပြည်သူလူထု ပိုမိုသုံးစွဲလာနိုင်ရေးအတွက် ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် အဝတ်အထည်များ ထုတ်လုပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာချာလီသန်းက ပြောကြားသည်။

ထို့ကြောင့် ပြည်တွင်း၌ အဝတ်အထည်ထုတ်မှုများ တိုးတက်လာစေ‌ရန်နှင့် မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်ရေးအတွက် စက်တပ်ဆင်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်ပြီး အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းနှင့် ဂျပန်နိုင်ငံ Tsuyatomo Co.,Ltd တို့ ဖက်စပ်ကုမ္ပဏီထူထောင်၍ အထည်ဆေးဆိုးခြင်း ဆောင်ရွက်ရန်အတွက် စက်ပစ္စည်းများ တပ်ဆင်လျက်ရှိပြီး ဖက်စပ်လုပ်ဆောင်ရွက်မှုမှ စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ ကိုင်တွယ်မောင်းနှင်ခြင်း၊ ဆေးဆိုးသည့် နည်းပညာများရရှိရေး လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *